အချစ်ရေးက ဖြေလိုက်ရင် ပရိသတ်ဆီရောက်သွားတဲ့ ကိုယ့်အဖြေက ပိုတာ၊လိုတာတွေ ရှိသွားတာမို့ ဖြေဖို့ ဆိုင်းငံ့ထားပါတယ်လို့ ဆိုတဲ့ နေတိုး

1662508_570781233018315_354407711_nayyy_toeeee.jpg

လက်ရှိမှာ အချစ်ရေး အိမ်ထောင်ရေး သတင်းတွေ ဟိုတစ်စ ဒီတစ်စ နဲ့ပရိသတ်တွေ ရဲ့ အာရုံသိချင်စိတ်တွေကို ဖမ်းယူထားတဲ့ အကယ်ဒမီနေတိုးက ထပ်ဖြေရင် ထပ်ရှုပ်ထွေးမှာစိုးလို့ အိမ်ထောင်ရေး အချစ်ရေး အကြောင်းအရာများကို ဖြေကြားခြင်းဆိုင်းငံ့ထားချင်တဲ့အကြောင်းကို သူက “အရင်တုန်းကတော့ အင်တာဗျူးခဲ့တာတွေတော့ ရှိတာပေါ့နော်။ မျိုးစုံပဲ။ တချို့က စကားလုံးရဲ့ အဓိပ္ပါယ်လွဲတာတွေလဲ ပါသလို မလိုအပ်ပဲ နဲနဲလေး ပိုနေတာတွေလဲ ရှိတာပေါ့။ အဲ့ဒါကြောင့်ခုချိန်မှာ နှလုံးသားရေးရာနဲ့ပတ်သတ်ပြီး အင်တာဗျူးခဲ့မယ်ဆိုရင်လဲ ကျွန်တော် စဉ်းစားထားတယ်။ ဒီအင်တာဗျူးနဲ့ ပတ်သတ်ပြီး ပြောလိုက်ရင် ထပ်ပြီး တစ်မျိုးဖြစ်သွားမှာ စိုးတဲ့တွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီမေးခွန်းလေးပေါ်မှာ ဆိုင်းငံ့ထားချင်ပါတယ်”တဲ့။

၂၀၁၅ မှာ စိတ်ဝင်စားတဲ့ ဇာတ်ရုပ် အမျိုးအစားနဲ့ပတ်သတ်ပြီး “ဗီဒီယိုတွေကတော့ ဇာတ်ရုပ် အမျိုးအစား ဈေးကွက်ပေါ် အခြေခံပြီး ရိုက်ရတာမျိုးတွေ ရှိတယ်။ ကိုယ်နဲ့မလိုက်ပဲနဲ့ ဈေးကွက်ပေါ်၊ ပရိသတ်အကြိုက်ပေါ် မူတည်ပြီး ရိုက်ရတာမျိုးတွေလဲ ရှိတယ်။ ရုပ်ရှင်ကျတော့ ပုံစံတမျိုး ဖြစ်သွားတယ်။ ရုပ်ရှင်ကျတော့ ကြိုရိုက်ပြီး ကြိုတွေးနိုင်မှ ပိုအဆင်ပြေတယ်။ အကြာကြီး အထားခံမယ့် ဇာတ်လမ်းမျိုးလဲ ဖြစ်ရမယ်။ လက်ရှိ ဥပမာ သင်္ကြန်ကားဆို တခြားအချိန် သွားပြလို့မရဘူး။ ရာသီစာထက် အမြဲတမ်း အဆင်ပြေနိုင်မဲ့ ဟာကို ရွေးရိုက်ရတာမျိုးလဲ ရှိတယ်။ ဒါရုပ်ရှင်ပေါ့။ ဥပမာ ကိုတင့်ဆို ဆွဲဆောင်မှုအနေနဲ့ သရုပ်ဆောင်တွေ အရမ်းစုံတယ်။ တကယ်လဲ ရယ်ရတဲ့ ဇာတ်လမ်း အမျိုးအစားပေါ့။ သူ့နေရာလေးနဲ့သူ ၊ သူ့အစိတ်အပိုင်းလေးနဲ့သူ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတဲ့အတွက် ကြည့်တဲ့ ပရိသတ်ကြားထဲမှာ အောင်မြင်မှုရစေတယ်။ ဒီလိုကားမျိုးဆို မျက်ကွယ်ပြုလို့ မရဘူး။ ခုချိန်ထိ ပရိသတ် နှစ်ခြိုက်နေတုန်း ဆိုတော့လေ။ အဲ့ဒီကိုတင့်ကားဆို ကိုမိုးဦးရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်တဲ့တွက် ကျွန်တော်တို့ မေတ္တာနဲ့သရုပ်ဆောင်ပေးဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.