Movie Review : Kill The Messenger

capture_kill_the_messenger.png

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ ၁၉၉၇ ခုနှစ် ၀န်းကျင်က ဖြစ်ရပ်မှန် ဖြစ်ရပ်တွေကို အခြေခံထားတဲ့ Kill The Messenger ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ ပြည်တွင်းသတင်းစာ တစ်စောင်ဖြစ်တဲ့ San Jose Mercury News သတင်းစာ ရဲ့ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Gary Webb ဟာ မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ရေးသားရာမှာ ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ Gary Webb ဆီကို အမျိုးသမီးတစ်ယောက်က ဖုန်းဆက်ပြီး သူမရဲ့ ရည်းစား ကောင်လေးဟာ အစိုးရအတွက် မူးယစ်ဆေးဝါး သယ်ယူမှုနဲ့ အဖမ်းခံထားရတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ပြောလာပါတယ်။ အဲဒီသတင်းကို လိုက်ဖို့အတွက် Gary Webb ဟာ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရပ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အတွက် အမှု ရင်ဆိုင်နေရတဲ့ Ricky Ross ကို Gary Webb က တွေ့ရှိခဲ့ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ Ricky Ross ကို မူးယစ်ဆေးဝါးတွေ ထောက်ပံ့ ပေးနေတာဟာ အစိုးရ ရဲ့ မူးယစ် သတင်းပေး တစ်ယောက်ဖြစ်တဲ့ Blando ဆိုသူပဲဖြစ်ပါတယ်။

အဲဒီကတစ်ဆင့် Gary Webb ဟာ Nicaragua နိုင်ငံမှာ အကျဉ်းကျနေတဲ့ Meneses ဆိုသူနဲ့ တွေ့ရှိခဲ့ပြီး အမေရိကန် အစိုးရဟာ ဆိုဗီယက်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကွန်ထရာ စစ်ပွဲအတွက် အမေရိကန် စစ်တပ်ကို ထောက်ပံ့နိုင်ဖို့ Nicaragua နယ်စပ်ကနေ တစ်ဆင့် အမေရိကန် နိုင်ငံထဲကို ဘိန်းဖြူတွေသွင်းပြီး စီအိုင်အေ က ပြည်တွင်းမှာ ပြန်လည် ဖြန့်ချိနေတဲ့ သတင်းကို ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့သတင်းဟာ နိုင်ငံအတွင်းမှာ အုံကြွမှုတွေ ဖြစ်စေခဲ့ပြီး နိုင်ငံရေးသမား များကလည်း ဒီသတင်း အပေါ်အခြေခံပြီး ဟောပြောမှုတွေ လုပ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Gary Webb ရဲ့ သတင်းအပေါ် ကမ္ဘာကျော် သတင်းစာတွေဖြစ်တဲ့ Washington Post ၊ LA Times တို့လို သတင်းစာတွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အကြောင်းအရင်းကတော့ Gary Webb ရဲ့ သတင်းရေးသားမှုမှာ စီအိုင်အေက သတင်းအရင်းအမြစ် တစ်ယောက်မှ မပါဝင်ခဲ့လို့ပါ။ သူ အဓိက သတင်းရယူခဲ့တဲ့ သတင်းအရင်းအမြစ်တွေဟာ မူးယစ်ဆေးဝါးရောင်းချ သူတွေပဲ ဖြစ်နေခဲ့တဲ့အတွက် သူ့ကို သတင်းစာလောက မှာရှိတဲ့ ၀ါရင့် ပုဂ္ဂိုလ်တွေနဲ့ သူ့ရဲ့ အယ်ဒီတာအဖွဲ့ကလည်း ဖိအားပေးခဲ့ပါတယ်။

အဲဒီနှစ်အတွက် အကောင်းဆုံး ဂျာနယ်လစ် ဆုကိုရရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တဲ့ သတင်းစာ ဆရာ Gary Webb ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း အစုံအလင် ကို ပုံဖော် ရိုက်ကူးထားတာကတော့ Michael Cuesta ဖြစ်ပြီး Jeremy Renner က Gary Webb အဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Blue Grass Film က ထုတ်လုပ်ပြီး Rosemarie deWitt ၊ Ray Liotta နဲ့ Tim Blake Nelson တို့ကလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.