ဇန်န၀ါရီဈေးကွက်တွင် တိုက်စစ်မှူးများခေါ်ရန် မော်ရင်ညို ခွင့်ပြုချက်ရထားပြီ

b_11.jpg

နယူးကာဆယ်အား (၂)ဂိုးပြတ်အရေးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင်အသင်းမှတိုက်စစ်မှူးများ၏ ဂိုးသွင်းနှုန်းအလွန် နိမ့်ကျနေမှုအပေါ်စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိသော ချဲလ်ဆီးနည်းပြမော်ရင်ညိုအတွက်လာမည့်ဇန်န၀ါရီအ ပြောင်းအရွေ့ဈေးကွက်ကာလအတွင်းတိုက်စစ်မှူးအသစ်များခေါ်ရန် ဘုတ်အဖွဲ့မှ မီးစိမ်းပြထားပြီးဖြစ်ကြောင်းသိရသည်။ ပေါင်သန်း(၅၀)တန် တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်နှင့်ချန်ပီယံလိဂ်ဆွတ်ခူးခဲ့ဖူးသူ ကင်မရွန်းတိုက် စစ်မှူးဆင်မြူရယ်အီတူးတို့မှာ ပရီးမီးယားလိဂ်တွင်တစ်ဂိုးစီသာသွင်းနိုင်ကြသေးသလို တတိယနေရာမှ ဒမ် ဘာဘမှာလည်းမတ်လ(၂)ရက်တွင် ၀က်စ်ဘရွန်းအား အနိုင်ရခဲ့သည့်ပွဲစဉ်အတွင်းဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ယ ခုထက်တိုင်ဂိုးပေါက်ပျောက်လျက်ရှိသည်။သို့ရာတွင် ဇန်န၀ါရီဈေးကွက်တွင် တိုက်စစ်မှူးခေါ်ယူမည်ဆိုပါက ချဲလ်ဆီးအတွက် ရွေးချယ်စရာအလွန်နည်းပါးမည်ဖြစ်သည်။ထိပ်တန်းတိုက်စစ်မှူးအများစုမှာ သက်ဆိုင်ရာအ သင်းများနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခဲ့ကြပြီးဖြစ်နေရာအလွန်ပင်ရှာရခက်မည်ဖြစ်သည်။  အဲဗာတန်သို့အငှားချထားခဲ့သောလူငယ်တိုက်စစ်မှူး လူကက်ကူမှာ အထူးခြေစွမ်းပြလျက်ရှိသော်လည်း တစ်ရာသီစာချုပ်ဖြစ်နေရာ ပြန်ခေါ်ခွင့်မရှိချေ။မော်ရင်ညိုမှာ ပြီးခဲ့သည့်နွေရာသီဈေးကွက်တွင် အသလက်တီကိုတိုက်စစ်မှူးဖဲလ်ကာအိုအား ခေါ်ခွင့်ရှိခဲ့သေး သော်လည်း ကိုလံဘီယာသားမှာဂိုးဧရိယာပြင်ပတွင် မလှုပ်ရှားတတ်ဟူသော အချက်ကြောင့် ပယ်ချခဲ့သဖြင့် မိုနာကိုအသင်းက ခေါ်ယူသွားခဲ့သည်။ ဖဲလ်ကာအိုမှာ ယခုဆိုလျှင် မိုနာကိုအတွက်အထူးပင်ခြေစွမ်းပြလျက် ရှိပြီး (၁၀)ဂိုးအထိ သွင်းပေးထားပြီဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.