ယခုနှစ် အီတလီစီးရီးအေဘောလုံးရာသီတွင် ရာသီအစ(၁၀)ပွဲဆက်အနိုင်ရရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည့် ရိုးမားအသင်းမှာ ပြီးခဲ့သည့်ပွဲစဉ်(၁၁)တွင် တိုရီနိုအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ရာ
(၁၁)ပွဲဆက်စံချိန်တင်နိုင် မည့်အခွင့်အရေးပျက်ပြယ်သွားခဲ့ရပြီဖြစ်သည်။ ထိုပွဲတွင် ရိုးမားမှ တောင်ပံကစားသမား စတိုးမန်းက (၂၈)မိနစ် တွင် ဦးဆောင်ဂိုးသွင်းပေးခဲ့သော်လည်း တိုရီနိုအသင်းမှ တိုက်စစ်မှူးဆာဆီက(၆၃)မိနစ်တွင် ချေပဂိုးပြန်သွင်း သွားခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် တစ်မှတ်စီခွဲယူခဲ့ကြရသည်။ ရိုးမားက သရေကျသွားခဲ့ချိန်တွင် ဒုတိယနေရမှ လိုက်နေသော နာပိုလီအသင်းကအိမ်ကွင်းတွင် ကာတာနီးယားအား (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ သဖြင့်နှစ်သင်းအကြား အမှတ်ကွာခြားချက်မှာ (၃)မှတ်သို့လျော့ကျသွားခဲ့ပြီဖြစ်သည်။ ထိုပွဲအပြီးတွင် ရိုးမား နည်းပြရူဒီဂါဆီယာက “ဘောလုံးပွဲဆိုတာ ဘယ်တော့မှအနိုင်ရလဒ်ပဲထွက်တာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်အဝေးကွင်းမှာ သရေပွဲရတယ်ဆိုတာက ဆိုးဝါးတဲ့အရာတော့မဟုတ်ပါဘူး။အနိုင်ရဖို့အတွက် ကြိုးစားခဲ့ကြ တာကို အရမ်းကျေနပ်ပါတယ်။နောက်ဆုံးမိနစ်အထိရောက်နေခဲ့တာတောင်မှ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ နောက်တစ်ပွဲက ဆက်ဆူအိုလိုနဲ့ အိမ်ကွင်းပွဲပါ။ ဒီပွဲအတွက်အာရုံအပြည့်ထားနေကြပါတယ်”ဟု မှတ် ချက်ပြုသွားခဲ့သည်။လာမည့်ပွဲစဉ်(၁၂)တွင် ရိုးမားက ဆက်ဆူအိုလိုအား အိမ်ကွင်းတွင် အနိုင်ရရန်ရာခိုင်နှုန်း များနေချိန်တွင် ဒုတိယနေရာမှ နာပိုလီနှင့် တတိယနေရာမှဂျူဗင်တပ်စ်တို့ တွေ့ဆုံကြမည်ဖြစ်ရာ ရိုးမားအ တွက် အမှတ်ဖြတ်နိုင်မည့်အခွင့်ကောင်းပင်ဖြစ်နေသည်။