Slamet လို့ပဲသိထားကြတဲ့ အသက်၅၉နှစ်အရွယ် လူတစ်ယောက်ဟာ neurofibromatosis ရောဂါကို ခံစားနေရပါတယ်။ Neurofibromatosis ဆိုတာကတော့ အာရုံကြောတွေတစ်လျှောက် အကျိတ်တွေ ထိန်းမနိုင်သိမ်းမရ ပေါက်တာတဲ့ ရောဂါပါ။
၁၉၉၁ခုနှစ်မှာ Slamet ရဲ့ခါးက အကျိတ်ကို ဆရာဝန်တွေက ခွဲထုတ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၆လက စပြီး ခုသူခံစားနေရတဲ့ Neurofibromatosis ဖြစ်လာတော့တာပါပဲ လို့ Slamet ရဲ့ ညီအစ်ကိုဖြစ်သူ Suwadi ရဲ့ပြောကြားချက်အရသိရပါတယ်။
Slametရဲ့တစ်ကိုယ်လုံးမှာ အကျိတ်တွေ တစ်စတစ်စပေါက်ရင်းကနေ ခုတော့ သည်းခံပြီးနေနိုင်စရာမရှိတော့ ပါဘူး။
“သူ့ရဲ့ရောဂါစဖြစ်ပြီးကတည်းက တစ်နှစ်ပြီးတစ်နှစ် ပိုပိုဆိုးလာတယ်။ ကျွန်တော်တို့မှာ ဆရာဝန်နဲ့ပြဖို့ လုံလုံလောက်လောက် ပိုက်ဆံမရှိဘူးလေ။” လို့ Suwadi ကပြောခဲ့ပါတယ်။
Salmetဟာ အကျိတ်တွေကြောင့် တချိန်လုံး ဝေဒနာခံစားနေရပြီး အကျိတ်တွေဟာ သူ့ရဲ့နှာခေါင်းကို ပိတ်စပြုလာပြီဖြစ်တဲ့အတွက် အသက်ရှူဖို့တောင် ခက်ခဲနေပါပြီ။
သူဟာ အလုပ်မလုပ်နိုင်တော့တဲ့အတွက် အလှူငွေတွေနဲ့ ရပ်တည်နေရတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ East Java, Magetan’s Nguntoronadi မှာရှိတဲ့ Salmetရဲ့ အိမ်နီးချင်းတွေက Facebook group ထောင်ပြီး Salemtရဲ့အကျိတ်တွေ ဖယ်ရှားကုသပေးဖို့ လုံလောက်တဲ့ ရံပုံငွေကို ၀ိုင်းရှာပေးကြပါတယ်။
“Slamet ကုသမှုခံယူနိုင်ဖို့အတွက် သူ့ရဲ့အရေးကို စိုးရိမ်တဲ့သူတွေဆီကနေ အလှူငွေတွေကို ကောက်ခံ စုဆောင်းနေပါတယ်။ ဒေသခံ အစိုးရအနေနဲ့လည်း ဆေးစောင့်ရှောက်မှု အခမဲ့ပေးလိမ့်မယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်။” လို့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Nanang Ariကပြောသွားခဲ့ပါတယ်။
Ref:mirror