ရက်ကန်းဇာတ်ကားနဲ့ထူးခြားမှုတွေ ချပြသွားဦးမယ့် ဆုမြတ်နိုးဦးက လုပ်ကွက်ရမယ်ဆိုရင် ဗီလိန်ကာရိုက်တာလည်း သရုပ်ဆောင်ပါတယ်လို့ဆို

imgp0440.jpg

၂၀၁၅ မှာထွက်ရှိမယ့် ရက်ကန်းဆိုတဲ့ ဗီဒီယိုကားလေးကြောင်း ပြောပြလာတဲ့ ဆုမြတ်နိုးဦးက “ကိုညိုနဲ့ရိုက်ထားတဲ့ ရက်ကန်းဆိုတဲ့ ကားလေးဆို မြတ်နိုးကို ခေါင်းဆောင်တင်ရိုက်ထားတယ်။ မင်းသားကလဲ ကိုညိုပဲ။ ပြီးတော့ အရမ်းလဲထူးဆန်းတယ်။ သရဲဇာတ်ရုပ်လေးပါပဲ။ ဒါပေမဲ့ သရဲခြောက်နေတယ်။ သရဲဆိုတာကို လုံးဝမသိလိုက်ရပဲ ကိုညို့ထုံးစံအတိုင်းပရိသတ်ကို လှလှပပလေးဆွဲခေါ်သွားတယ်။ ပရိသတ်တွေထွက်လာတဲ့ခါကျရင်လဲ ထွက်ကြည့်ပြီး အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ ဆိုသွားပါတယ်။

သူမဟာ လက်ရှိမှာ4 Sister United ဆိုတဲ့ကားလေးကို ကိုခန့် ၊ ယုသန္တာတင်၊ မေ၊ ရွှေပိုးအိမ်တို့နဲ့အတူ ရိုက်ကူးနေပြီး ယောင်္ကျားဆန်ဆန်ပြုမူနေထိုင်တဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဇာတ်ကားရွေးချယ်မှုနဲ့ သရုပ်ဆောင်မှုအပိုင်းကို သူမက “ လာကမ်းလှမ်းတဲ့ ဇာတ်တွေပေါ်မှာ ကိုယ်ရိုက်ချင်တာထက် ညီမကိုလာပေးတဲ့ ဇာတ်တွေက ပိုကောင်းတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် ဇာတ်ကားပိုင်းကို ရွေးချယ်စရာသိပ်မလိုဘူး။ လိုက်ဖက်တာများတယ်။ အနုပညာနဲ့ပတ်သတ်ရင်မြတ်နိုးတို့ဆိုတာ အရမ်းကို အနုပညာလုပ်သက်နုတယ်လို့ပြောလို့ရတဲ့တွက် လေ့လာသင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။ မြတ်နိုးက ဗီလိန်ဆန်တဲ့ ကာရိုက်တာတွေ ရိုက်တာများတယ်။ မြတ်နိုးအတွက် လုပ်ကွက်ရမယ်။ အဆင်ပြေမယ်ဆိုရင် ညီမလုပ်မှာပါ။ ဒါပေမယ့် ကားတိုင်းကို မြတ်နိုးကြိုးစားတယ်။ ဒုတိယမင်းသမီးမို့လျှော့လုပ်တာမျိုး လဲမြတ်နိုးမရှိခဲ့ဘူး။ ခေါင်းဆောင်မင်းသမီးမို့ ပိုတိုးပြီး လုပ်လိုက်မယ်ဆိုတာမျိုးလဲ မရှိဘူး။ ဘယ်ကာရိုက်တာမဆို အတူတူပဲသရုပ်ဆောင်ပါတယ်။ အဓိက က ဇာတ်လမ်းမှာ လုပ်ကွက်ရဖို့ပဲ အရေးကြီးပါတယ်”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.