အချို့အချို့သော အသုံးအဆောင်တွေက လှတာမှန်ပေမယ့် ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အံကိုက်မဖြစ်တာ တွေ့ရပါတယ်။ ရာသီဥတုနဲ့လိုက်ဖက်ညီပြီး အသုံးလည်းတည့် ၊ ဖက်ရှင်လဲကျစေဖို့ ရွေးချယ်မှုမှန်ကန်ရန် အရေးကြီးပါတယ်။
(၁) အပြင်မှာမိုးတွေရွာနေရင် ဒီလို ဂျယ်လီသားနဲ့လုပ်ထားတဲ့ မိုးကာဖိနပ်မျိုးက စိတ်ချရပြီး စတိုင်ကျပါတယ်။ ခြေချော်တာ ၊ ရေမခြောက်တာတွေ မဖြစ်နိုင်ပါဘူး။ တစ်နေ့လုံးစာ စီးထားဖို့လဲ သက်တောင့်သက်သာရှိပါတယ်။ ဒါကြောင့် မိုးရာသီ အတွက် ရေစိုခံ ဂျယ်လီသားဖိနပ်မျိုးကိုရွေးပါ။
(၂) လမ်းလျှောက်ရင်း သီချင်းနားထောင်လေ့ရှိသူတွေအတွက် နားကြပ်မေ့ကျန်တာ၊ လိုက်ရှာရတာ၊ ကြိုးရှင်းနေရတာတွေဟာ အာရုံနောက်စေတဲ့ အလုပ်တစ်ခုပါပဲ။ ဒီအကျီကို သေချာကြည့်ပါ။ ခေါင်းစွပ်ချည်ကြိုးရဲ့ ထိပ်သီးလေးတွေက သီချင်းနားထောင်တဲ့ နားကြပ်ကလေးတွေဖြစ်ပြီး သူ့ရဲ့ပလပ်က အကျီရဲ့ ညာဘက်အိပ်ကပ်ထဲမှာ ဖြစ်ပါတယ်။ မိုးဘိုင်း ၊ အိုင်ပေါ့ စတဲ့ ပစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက် နားထောင် နိုင်ပါတယ်။ရေစိုခံပြီး လျှော်ဖွပ်နိုင်ပါတယ်။ စတိုင်လဲကျပါတယ်။
(၃) ယောဂလိုလေ့ကျင့်ခန်းမျိုးလုပ်ရာမှာ ချွေးထွက်များပြီး ဖိနပ်တွေက ချောနေတတ် ပါတယ်။ ဒါဟာ ကြီးမားတဲ့အန္တရာယ်ပါ။ ဖိနပ်မပါတဲ့ ခြေဖ၀ါး ဗလာကလဲ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်ရန် သီးသန့် ထုတ်ထားတဲ့ ဖိနပ်အပြားလေးပါ။ ချွေးစုတ်နိုင်ပါတယ်။ လျှော်ဖွပ်လို့လဲ ရပါတယ်။
(၄) မျက်မှန်သမားတွေအတွက် ပုံတုံးတုံးမျက်မှန်ကိုင်းကို စိတ်တိုင်းမကျ ဖြစ်နေရင် အခုလို စတိုင်ကျတဲ့ ကိုင်းလေးတွေနဲ့ လဲလှယ်ပေးနိုင်ပါတယ်။
(၅) Ipad သယ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက် ဘေးလွယ်အိတ်ရဲ့ အပြင်ဘက်မှာ သီးခြားအိတ်အပိုထည့်ပေးထားပါတယ်။ လုံခြုံစိတ်ချစွာသိမ်းဆည်းနိုင်ပြီး လက်မှာသီးခြားကိုင်ထားစရာ မလိုပါဘူး။
(၆) ရွှေရောင် ၊ ငွေရောင် နာရီကြိုးတွေကို ငြီးငွေ့နေသူတွေအတွက် စတိုင်ကျတဲ့ အရောင်အသွေးပါ။ ဆီလီကွန် အနက်ရောင်လက်ပတ်ကြိုးက တမင်လုပ်ယူထား ခြင်းမရှိဘဲ အထာကျစေပါတယ်။
ဒီပစ္စည်းလေးတွေက နေ့စဉ် အသုံးပြုနေတဲ့ အရာတွေကို ပိုမိုလွယ်ကူစေတဲ့အပြင် စတိုင်ကျလှပစေပါတယ်။
Ref:More