Pirate Of The Caribbean ဇတ်ကားနဲ့ ကမ္ဘာကျော်သွားတဲ့ မင်းသား Johnny Depp ဟာ အခုနောက်ဆုံး The Lone Rangerလို့ အမည်ရတဲ့ ဇာတ်ကားတစ်ခု ရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၃)ရက်နေ့က ထွက်ရှိထားပါတယ်။ သူနဲ့အတူ အခြားနာမည်ကြီးမင်းသားတွေဖြစ်တဲ့ Armie Hammer, William Fichtner, Tom Wilkinson တို့လဲ ပါဝင်ထားပါတယ်။
ဒီဇာတ်ကားဟာ ဟော်လီးဝုဒ်ကို ဧရာမ ကုန်ကျမှုကြီးကနေ မကယ်တင်နိုင်ခဲ့ပါဘူး။ ဒီနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ Lone Ranger, White House Down, After Earth တို့ဟာ သူတို့ဇာတ်ကားတွေ ရုံတင်ခဲ့တဲ့အချိန်မှာ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံမှုတွေ ကြုံနေရ ပါတယ်။ ခန့်မှန်းခြေ မေလကနေ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ လောက် ရင်းထားရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကဟာ ယခင်နှစ်ကထက် ၂၇ ဆင့်လောက် ဈေးပိုကြီးသွားပြီး လာကြည့်သူ ဦးရေကတော့ ၆.၆ ရာခိုင်နှုန်းလောက်ပဲ တိုးလာတယ်လို့သိရပါတယ်။
ရိုက်ကူးရေးအတွက် အကုန်အကျအလွန်များထားခြင်းကို Iron Man3, Man of Steel, Despicable Me2 စတဲ့ဇာတ်ကားတွေက အမြတ်ပမာဏ အတော်များများကြီး ရှာထားနိုင်လို့သာ ခံသာခဲ့တယ်လို့ဆိုပါတယ်။ အောင်မြင်မှု ကြီးကြီးရထားတဲ့ နွေရာသီထွက် ဇာတ်ကားတော်တော်များကတော့ ကုန်ကျမှုနည်းပါးပါတယ်။ သည်းထိတ်ရင်ဖို ဇာတ်ကား The Purge, The Conjuring တို့နဲ့ ဟာသဇာတ်ကား We’re The Miller, This is The End တို့လိုဇာတ်ကားတွေဖြစ်ပြီး နှစ်မျိုးစလုံးဟာ အမေရိကန်ဒေါ်လာ ၃၀ မီလီယံလောက်သာ ကုန်ကျထားပြီး ၁၀၀ မီလီယံလောက် ပြန်ယူထားနိုင်ခဲ့ပါတယ်။
Lone Ranger ကတော့ ရာသီတစ်ခုအတွင်း ကုန်ကျမှုအများဆုံးဖြစ်ကြောင်း အလွယ်တကူသိနိုင်ပြီး အမေရိဒေါ်လာ ၂၀၀ မီလီယံနဲ့အထက်လောက်ရှိပါတယ်။ ဒါပေမယ့် ၈၈ မီလီယံလောက်သာ ပြန်ရရှိသေးတယ်လို့ US box office ရဲ့မှတ်တမ်းများအရသိရ ပါတယ်။ White House Down ကတော့ ၁၅၀ မီလီယံကုန်ကျထားပြီး ၇၂ မီလီယံ ပြန်လည်ရရှိထားပါတယ်။ After Earth ကတော့ ၁၃၀ မီလီယံကုန်ကျထားပြီး ၆၀ မီလီယံလောက်သာ ပြန်လည်ရရှိသေးတယ်လို့ ဖော်ပြထားပါတယ်။ Iron Man 3 ၃ ဇာတ်ကားကတော့ ဒီနွေမှာ အကြီးမားဆုံး Hit ဖြစ်တဲ့ ဇာတ်ကားဖြစ်နေပြီး အမေရိကန်ဒေါ်လာ ၄၀၈.၆ မီလီယံလောက် ၀င်ထားတယ်လို့ သိရပါတယ်။
(Ref:Starpulse & BBC)