ပြီးခဲ့သည့်အောက်တိုဘာလအစောပိုင်းက ကျောရိုးတွင်းရှိ Discပြားများဒဏ်ရာရရှိမှုကြောင့် ခွဲစိတ်ခဲ့ရသည့် စကော့တလန်တင်းနစ်သမားအန်ဒီမာရေးမှာ ယခုဆိုလျှင် အနည်းငယ်ပြန်လည် သက်သာလာခဲ့ကာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများပြုလုပ်လျက်ရှိပြီဖြစ်သည်။ မာရေးအားယခုရက်ပိုင်းအတွင်း ချဲလ်ဆီးလေ့ ကျင့်ရေးကွင်းတွင်အပေါ့စားလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လျက်ရှိသည်ကိုတွေ့ရှိခဲ့ရသေးသည်။ ထိုသို့ ပြန်လည်ထူထောင်ရေးများပြုလုပ်နေစေကာမူမာရေးအနေဖြင့် ယခုလအတွင်းကျင်းပမည့် လန်ဒန်မြို့မှ ATP World Tour Finalsပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဦးမည်မဟုတ်ပေ။ ထို့ကြောင့်မာရေးအတွက် အဖြစ်နိုင်ဆုံး သော ပစ်မှတ်မှာ လာမည့် ၂၀၁၄ခုနှစ်၊ဇန်န၀ါရီလအတွင်း ကျင်းပမည့် သြစတြေးလျအိုးပင်းတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်ဖြစ် သည်။ သို့သော်လည်း မာရေးက ဗိုလ်စွဲနိုင်မည့်အနေအထားမရှိပါက ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောလာခဲ့သည်။ “ပြိုင်ပွဲတစ်ပွဲမှာ ယှဉ်ပြိုင်ရုံနဲ့တော့ ကျွန်တော်ဝင်မကစားချင်ပါဘူး။ဗိုလ်စွဲနိုင်တဲ့အနေအ ထားမျိုးမှာရှိမှ ၀င်ပြိုင်ချင်ပါတယ်။သြစတြေးလျအိုးပင်းပြိုင်ပွဲဟာ တင်းနစ်သမားတိုင်း ၀င်ပြိုင်ချင်ကြတဲ့ပွဲတစ် ပွဲဖြစ်ပါတယ်။ မသက်သာလို့လွဲရမယ်ဆိုရင် စိတ်ပျက်မိမှာ အမှန်ပဲဗျာ။ တကယ်လို့သာ အခြေအနေကောင်းခဲ့ မယ်ဆိုရင်တော့ လေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်ဆင်းပြီး အကောင်းဆုံးပုံစံပြန်ရလာအောင် ကြိုးစားသွားမှာပါ”ဟု အန်ဒီမာရေး က အတည်ပြုခဲ့သည်။
ဗိုလ်စွဲနိုင်သည့်အခြေအနေရှိမှသာ သြစတြေးလျအိုးပင်းသို့ အန်ဒီမာရေး ၀င်ပြိုင်မည်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။