ဆန်းဒါးလန်းကို လက်စားချေရန် စဉ်းစားထားခြင်းမရှိဟု ဟားလ်စီးတီးနည်းပြစတိဗ်ဘရုစ်ဆို

news_b.jpg

ယနေ့ည(၉း၃၀)တွင် ကစားမည့် ဟားလ်စီးတီး-ဆန်းဒါးလန်းပွဲစဉ်မှာသာမာန်အားဖြင့်ကြည့်လျှင်ထူးခြားမှုမရှိ သော်ငြားဟားလ်စီးတီးနည်းပြစတိဗ်ဘရုစ်အတွက် ဆန်းဒါးလန်းမှ ထွက်ခွာခဲ့ရသောနာကျည်းစရာများက ရှိနေခဲ့သဖြင့်စိတ်ဝင်စားစရာအချက်တစ်ချက်ဖြစ်လျက်ရှိသည်။စတိဗ်ဘရုစ်မှာဆန်းဒါးလန်းအသင်းအား ၂၀၀၉ခုနှစ်မှ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလအထိကိုင်တွယ်တာဝန်ယူခဲ့သူဖြစ်ကာ ပထမဆုံးနှစ်တွင် အဆင့်(၁၃) ရခဲ့ကာအသင်းမှထွက်ခွာခဲ့ချိန်တွင် အဆင့်(၁၀)နေရာရနေခဲ့သည်။ ထို့ပြင်ဒါရင်းဘန့်ကဲ့သို့သော တိုက်စစ် မှူးမျိုးကို မွေးထုတ်ပေးနိုင်ခဲ့ကာနောင်တစ်ချိန်တွင် ဈေးကောင်းရစေရန် ကြိုးစားပေးခဲ့သော်လည်း ၀ီဂန်ကိုအိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ထိုသို့သော အတိတ်ခါးများရှိနေခဲ့ခြင်း ကြောင့် ယနေ့ညတွင်ဟားလ်စီးတီးနည်းပြအဖြစ် ဆန်းဒါးလန်းအသင်းအား ပြန်လည်ရင်ဆိုင်ရာတွင် လက်စားချေလိုစိတ်ရှိနေပါသလားဟူသော သတင်းထောက်၏အမေးကို ဘရုစ်က “ နိုး နိုး ..ဒါတွေမရှိတော့ပါ ဘူးဗျာ။ ဒါပေမယ့် နိုင်မယ်ဆိုရင်တော့အကောင်းဆုံးပဲပေါဗျာ”ဟုသာ ဖြေခဲ့သည်။ဟားလ်စီးတီးမှာ ပြီးခဲ့သည့် ရက်များအတွင်း တော့တင်ဟမ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်(၉)၊ ကားလင်း ဖလားပွဲ နှစ်ပွဲကစားခဲ့ရာပရီးမီးယားလိဂ်ပွဲတွင် (၁-၀)ဖြင့်လည်းကောင်း၊ ကားလင်းဖလားပွဲတွင်မူပုံမှန်က စားချိန်များအတွင်း (၂-၂)ဂိုးသရေကျခဲ့ပြီးမှပင်နယ်လ်တီအဆုံးအဖြတ်ဖြင့်လည်းကောင်း အသီးသီးအရေးနိမ့်ခဲ့ ရသည်။ “ဒီလိုရက်ပိုင်းအတွင်း အသင်းတစ်သင်းတည်းကို (၂)ပွဲဆက်ကစားခဲ့တဲ့အခါမှာအားနည်းချက်က တော့ သူတို့လို (၈)ယောက်လောက် လူပြောင်းလဲပြီး ထုတ်နိုင်တဲ့အင်အားမျိုးမရှိခဲ့ခြင်းပါပဲ။ ဒီအတွက်လည်း ကျွန်တော့ကောင်လေးတွေပင်ပန်းနေခဲ့ကြပါတယ်။ ”ဟု တော့တင်ဟမ်နှင့်ပွဲများအပေါ် ဟားလ်စီးတီးနည်းပြစတိဗ်ဘရုစ်က ပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.