AFI Band

afi.jpg

AFI ဟာ ကာလီဖိုးနီးယားပြည်နယ် Ukiah မြို့က Rock ၀ိုင်းတစ်ဝိုင်းပါ။ ၁၉၉၁ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး Alternative rock, punk နဲ့ hardcore punk အစရှိတဲ့ဂီတဟန်အမျိုးမျိုးကိုဖန်တီးပါတယ်။ အဆိုတော် Davey Havok၊ ဂစ်တာ၊ကီးဘုတ်နဲ့နောက်ခံအဆို Jade Puget၊ ဘေ့စ်၊ ကီးဘုတ်နဲ့နောက်ခံအဆို Hunter Burgan နဲ့ Adam Carson တို့က AFI ရဲ့အဓိက ပဲ့ကိုင်ရှင်တွေဖြစ်ပါတယ်။ စတူဒီယိုအယ်လ်ဘမ် ၉ခု၊ EP ဆယ်ခု Live အယ်လ်ဘမ် တစ်ခု နဲ့ DVD တစ်ခွေထွက်ရှိထားတာဖြစ်တဲ့အတွက် hardcore punk ဂီတလောကရဲ့ပေါက်မြောက်အောင်မြင်တဲ့ သက်တော်ရှည်ဝိုင်းတစ်ဝိုင်းဖြစ်တယ်ဆိုတာသိနိုင်ပါတယ်။ သူတို့ထွက်ရှိခဲ့တဲ့ စတူဒီယိုအယ်လ်ဘမ် ၉ခုကတော့

၁။ Answer That Stay Fashionable (၁၉၉၅)

၂။ Very Proud of Ya (၁၉၉၆)

၃။ Shut Your Mouth and Open Your Eyes (၁၉၉၇)

၎။ Black Sails in the Sunset (1999)

၅။ The Art of Drowning (၂၀၀၀)

၆။ Sing the Sorrow (၂၀၀၃)

၇။ Decemberunderground (၂၀၀၆)

၈။ Crash Love (၂၀၀၉)

၉။ Burials (၂၀၁၃) တို့ပဲဖြစ်ပါတယ်။

AFI ရဲ့ ဂီတစတိုင်လ်ကတော့ alternative rock, punk rock, horror punk သို့မဟုတ် hardcore punk လို့ဆိုကြပါတယ်။ သူတို့ရဲ့ အသွင်အပြင်တွေကိုကြည့်ပြီး အချို့က goth-punk လို့ပြောကြပေမယ့် ဒီအသုံးအနှုံးကို AFI ကလက်မခံပါဘူး။ “goth-punk ဆိုတာဂီတစတိုင်လ်တစ်ခုမှမဟုတ်တာ။ အဲဒီ့နာမည်နဲ့ဂီတရှိတောင်မရှိဘူး” လို့ ဂစ်တာသမား Jade Puget ကပြောပါတယ်။ ၀ိုင်းရဲ့ ဂီတဆိုင်ရာလွှမ်းမိုးမှုနဲ့ပါတ်သတ်ပြီး အဆိုတော် Davey Havok က “ကျွန်တော်တို့မှာဂီတရောင်စဉ်မျိုးစုံကိုဖြာထွက်စေတဲ့ ဂီတဆိုင်ရာလွှမ်းမိုးမှုတွေရှိပါတယ်။ punk ဂီတ hardcore ဂီတကနေပြီးတော့ ၈၀ခုနှစ် UK ၀ိုင်းတွေဖြစ်တဲ့ The Cure, Bauhaus, Joy Division နဲ့ Sisters of Mercy တို့နဲ့အတူကြီးပြင်းလာတာပါ။ ပြီးတော့ The Misfits, Samhain နဲ့ Danzig တို့လို rock ၀ိုင်းတွေ Skinny Puppy, Ministry, Front 242 နဲ့ Alien Sex Fiend တို့လို industrial ၀ိုင်းတွေရှိသေးတယ်ဗျ။ ပြီးတော့ကျွန်တော်တို့အားလုံး The Smiths ကိုနှစ်သက်ကြတယ်ဗျ” လို့ဆိုပါတယ်။

A fire inside ဆိုတဲ့နာမည်ကိုအတိုကောက်လုပ်ထားတဲ့ AFI ဟာလက်တလောပူပူနွေးနွေး Burials အယ်လ်ဘမ်ကိုထုတ်ထားတာဖြစ်ပြီး ဒီအယ်လ်ဘမ်နဲ့ပါတ်သတ်လို့ အဆိုတော် Davey Havok က “ဒီအခွေကတိတ်ဆိတ်မှုနဲ့ ဌင်းရဲ့အကျိုးဆက်ကဖြစ်လာတဲ့ မြေမြှပ်သဂြိုလ်မှုတွေရဲ့အကြောင်းပါ။ ဒါဟာ သစ္စာဖောက်မှု၊ ရက်စက်ကြမ်းကြုပ်မှု၊ အင်အားချိနဲ့မှု၊ စိုးရိမ်ပူပန်မှု၊ ထိပ်လန့်တုန်လှုပ်မှုနဲ့ နက်နဲပြီးနှေးကွေးတဲ့မျှော်လင့်ချက်ကင်းမဲ့မှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ဆုံးရှုံးမှုတွေအကြောင်းပါ။ ပြီးတော့ဒီအခွေဟာ ရှက်စရာကောင်းလောက်အောင်ရိုးသားပြီး စိတ်ခိုင်ခိုင်မာမာနဲ့ခွင့်မလွှတ်သင့်တဲ့အရာတစ်ခုပါလို့” လို့ပြောသွားခဲ့ပါတယ်။

(ref:Wikipedia)

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.