ဟစ်ပ်ဟော့ပ် ဟာ လူမဲလူငယ်တွေနဲ့ လက်တင်အမေရိက ခေါ် တောင်အမေရိကသားလူငယ်တွေ နေထိုင်တဲ့ မြို့အတွင်းမှာ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ ဟစ်ပ်ဟော့ပ်သမိုင်းမှာရော လူမဲသမိုင်းမှာရော ဖွင့်ဆိုထားပါတယ်။ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် ဟစ်ပ်ဟော့ပ် လှုပ်ရှားမှုကြီးတွေဟာလည်း နှစ်၄၀အတွင်း အများကြီးရှိခဲ့ပါတယ်။ ဒီလို သမိုင်းကြောင်းတွေ ဖြစ်ထွန်းလာခဲ့တဲ့ အချိန်တွေအတွင်းမှာ ကမ္ဘာတစ်ဝှမ်းကလူတွေက လူမဲယဉ်ကျေးမှုကို ပိုပိုပြီး အူလိုက်သဲလှိုက် သိမြင်လာကြတော့တာပါပဲ။
၁။ ရှင်သန်လာတယ်။
DJ Kool Herc
ဒီဂျေ ကူးဟာ့စ်ဟာ ဓါတ်ပြားနှစ်ချပ်ကို အသုံးပြုပြီး ဂီတဆိုင်ရာ အဖြတ်အတောက်တွေကို ကွန့်ညွန့်တဲ့ နည်းပညာကို စတင်တီထွင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၃ခုနှစ် သြဂုတ်လ ၁၁ရက် မှာ ဒီဂျေ ကူးဟာ့စ် ဟာ သူ့ညီမ ဖြစ်သူ စင်ဒီ ရှိရာကျောင်းရဲ့ နားနေခန်း ကိုရောက်လာခဲ့ပြီး ကျောင်းပါတီပွဲကို ကူညီကျင်းပပေးခဲ့ပါတယ်။ စင်ဒီဟာ နယူးယောက်ပြည်နယ် ဘရော့န်စ်မြို့မှာ ကျောင်းတက်နေတာပါ။ အဲ့ဒီ့လို ပါတီပွဲကျင်းပတဲ့ညတွေ မှာပဲ ဟစ်ပ်ဟော့ပ်ဂီတ ဟာ ပေါက်ဖွားလာခဲ့ပါတော့တယ်။
၂။ ဒီဂျေစက်ကို စတင်တီထွင် ခုံမင်လာခြင်း။
Grand Wizard Theodore
Grand Master Flash ရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ Grand Wizard Theodore ဟာ ၁၉၇၇ခုနှစ်မှာ အသံညှိုစက်ရဲ့ လှည့်ခလုတ်တွေနဲ့ စတင်လေ့ကျင့် ဖြစ်ခဲ့ပါတယ်။ အိမ်မှာနေနေတုန်း သူ့အမေက သူ့ကို ဖွင့်ထားတဲ့ သီချင်းသံတိုးခိုင်း တဲ့အခါမှာ အဲ့ဒီ့လိုလုပ်ကြည့်ဖို့ အကြံရလာခဲ့တာပါ။ ဓါတ်ပြားကို ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လှုပ်ရှားကြည့်လိုက်တဲ့အခိုက်မှာ သူတစ်ခုခုကို သိရှိနားလည်လာခဲ့တယ်။ ဒီလိုနဲ့ပဲ Scratch လို့ခေါ်တဲ့ ကုတ်ခြစ်ရတဲ့ ဒီဂျေစက်ကို တီထွင်လိုက်တော့တယ်။ DJ’ing ဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကောင်းတဲ့ ဂီတနည်းပညာ တစ်ရပ်ပါ။ ကျေးဇူးတင်ပါတယ် Grand Wizard Theodore ရေ။
၃။ ကျေနပ်စရာ ကောင်းလောက်တဲ့ ဓါတ်ပြားအရောင်းနှုန်း။
Chic Band
၁၉၇၉ ခုနှစ်မှာ The Sugar Hill Gang ဟာ Rapper’s Delight ဆိုတဲ့ဓါတ်ပြား ထုတ်ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပြားဟာ ငွေးကြေးယူပြီး ရောင်းချတဲ့ဓါတ်ပြားတွေထဲက ပထမဆုံး Rap ဓါတ်ပြားပါ ။Chic (band) အဖွဲ့သားများဖြစ်တဲ့ Wonder Mike, Big Bank Hank နဲ့ Master Gee တို့ဟာ Good Times ဆိုတဲ့သီချင်းဓါတ်ပြားနဲ့ လူသိနည်းတဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့လေးကို နိုင်ငံကျော်အဆင့်ထိ ဖြစ်အောင် ဓါတ်ပြားတွေရောင်းချနိုင်ခဲ့တယ်။ သန်းနဲ့ချီပြီး ရောင်းရတဲ့ rap ဓါတ်ပြားတွေထဲမှာ Good Times က ပထမဦးဆုံးဓါတ်ပြားပါ။
၎။ Grammy ဆု။
ီDJ Jazzy Jeff နဲ့ The Fresh Prince
Run-DMC ရဲ့ အယ်လ်ဘမ် ဖြစ်တဲ့ Raising Hell ဟာ ၁၉၈၆ခုနှစ်မှာ အကောင်းဆုံး R&B အဆိုတင်ဆက်မှု ဆုကို ရရှိဖို့ လျာထားခြင်းခံခဲ့ရပါတယ်။ နောက်သုံးနှစ်တိုင်တဲ့ အထိ Hip-Hop ဟာ ကိုယ်ပိုင် Hip-Hop အမျိုးအစားဆု ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ၁၉၈၉ခုနှစ်မှာတော့ DJ Jazzy Jeff နဲ့ The Fresh Prince တို့ဟာ Parents Just Don’t Understand ဆိုတဲ့သီချင်းနဲ့ အကောင်းဆုံး rap တင်ဆက်မှု ဆုကို ရရှိခဲ့ပါတယ်။
၅။ ဥက္ကဋ္ဌအဖြစ် လျာထားခြင်းခံခဲ့ရတဲ့ DJ တစ်ဦး။
Eric B.နဲ့ Rakim
၁၉၈၆ခုနှစ်မှာ Eric B. နဲ့ Rakim တို့က Eric. B. is President ဆိုတဲ့သီချင်းကို ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လုံးဝပြောင်းလဲပစ်လိုက်တဲ့ ကာရံအသံနေအသံထားတွေနဲ့ အကွေ့အကောက် ကာရံ အစဉ်တွေကို ရပ်ပ် အဆိုတော်တွေဟာ စီမံကိန်းချစဉ်းစားရမယ့် အရာတွေအဖြစ်နဲ့ အသေအချာစဉ်းစား လာခဲ့ကြပါတယ်။ National of Gods and Earths အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ The R ဟာ ရပ်ပ်ဆိုပေါက် တွေကို အဆင့်မြှင့်ခဲ့ပြီး ခေတ်သစ်တစ်ရပ် ကိုခရီးဦးကြိုခဲ့ပါတယ်။
၆။ John Brown အဖွဲ့ကထုတ်တဲ့ The Source မဂ္ဂဇင်း ထွက်ပေါ်လာခြင်း။
၁၉၈၈ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်မှာ ဘော်ဒါတွေဖြစ်ကြတဲ့ Dave Mays နဲ့ Jon Shecter launch တို့ဟာ ဟစ်ပ်ဟော့ပ် အသိဉာဏ်၊ ဂီတ နဲ့ ယဉ်ကျေးမှုတွေကို ရေးသားတဲ့ သတင်းစာတစ်စောင်ကို စတင်ထုတ်ဝေခဲ့ကြ ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ John Brown အဖွဲ့ရဲ့ တစ်လနှစ်ကြိမ်ထုတ် Source မဂ္ဂဇင်းဟာ Rolling Stone မဂ္ဂဇင်းထက် အရောင်းနှုန်းမြင့် ခဲ့ပါတယ်။ နောက်ပိုင်းမှာ အပြိုင်ထုတ်ဝေလာခဲ့ကြတဲ့ XXL နဲ့ Vibe တို့ပေါ်လာပြီး ၀ရုန်းသုန်းကား ကာလတွေနဲ့ရင်ဆိုင်ခဲ့ရ ပေမယ့် The Source မဂ္ဂဇင်းကတော့ HipHop အကြောင်းပဲ တစိုက်မတ်မတ် ရေးသားထုတ်ဝေခဲ့ပါတယ်။
၇။ Rap MTV တွေထွက်ပေါ်လာခြင်း။
၁၉၈၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ပွဲဦးထွက် Rap MTV တွေကို အမေရိကန်နဲ့ ကမ္ဘာအနှံ့က ပရိတ်သတ်ထံ အရောက်ပို့ နိုင်ခဲ့ပါတယ်။
၈။ ရပ်ပ် မင်းသား။
The Fresh Prince
၁၉၉၀ ခုနှစ် စက်တင်ဘာလမှာ The Fresh Prince of Bel-Air ဟာ အမေရိကန်အမျိုးသား ရုပ်သံလွှင့်ကော်ပိုရေးရှင်း NBC မှာ ပွဲဦးထွက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ N.W.A, Geto Boys နဲ့ Will Smith (The Fresh Prince)တို့လို့ gangsta rap ပုံစံမဟုတ်ဘဲ ဆန့်ကျင်ဘက်ပုံစံကို ဆိုတဲ့ သူတွေဟာ ကမ္ဘာမှာ နာမည်ကောင်းရခဲ့ပါတယ်။
၉။Boyz N Da Hood ရုပ်ရှင်ဇာတ်ကား။
Boyz N Da Hood (Film)
၁၉၉၁ခုနှစ် ဂျူလိုင်လမှာ hip hop မျိုးဆက်ထဲက ဒါရိုက်တာတစ်ယောက်က ဦးစီးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဟာ ပထမဆုံးရုပ်ရှင် မဟုတ်ပေမယ့် John Singleton က အင်္ကျီပွ၊ဘောင်းဘီဂွကျ တဲ့ လူမဲဒါရိုက်တာတွေကို အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီ့ ရုပ်ရှင်ထွက်လာပြီးတဲ့ နောက်မှာထွက်ရှိလာခဲ့ကြတဲ့ CB4, Menace II Society, Friday စတဲ့ရုပ်ရှင် ဇာတ်ကားတွေဟာလည်း Boyz N Da Hood ရုပ်ရှင်ဇာတ်ကား ရဲ့ တန်းကိုမှီ ခဲ့ကြပါတယ်။
၁၀။ Biz ကို တရားနိုင်လိုက်တဲ့ တစ်ယောက်။
Gilbert O’Sullivan Biz Marike
၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ Gilbert O’Sullivan ဟာ သူရဲ့ Alone Again အမည်ရှိ သီချင်းမူကြမ်းကို အခွင့်မရှိဘဲ ယူသုံးမှုနဲ့ Biz Markie ကို တရားစွဲခဲ့ပါတယ်။ တရားရုံးချုပ်က O’Sullivanကို တရားအနိုင်ပေးခဲ့ပါတယ်။ သီချင်းမူကြမ်း တွေကိုတောင် ယူသုံးချင်တယ်ဆိုရင် အသုံးမပြုခင်မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ထားရမှာ ဖြစ်ပြီး မရှင်းထားရင်တော့ တရားစွဲခံရမှာပါ။ နောက်ပိုင်းမှာ HipHopတွေ ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်လာရတဲ့အကြောင်းအရင်းကို မေးစရာတောင် လိုတော့မယ်မထင်ပါဘူး။
Ref:theBoomBox