မင်းသားကောင်းပြည့်လို့ဆိုလိုက်တာနဲ့ ဆယ်ကျော်သက်မိန်းကလေးများရဲ့ စိတ်ဝင်စားမှု အခံရဆုံးယောကျာ်းတစ်ယောက်လို့ သိထားကြမှာပါ။ သူရဲ့ အနုပညာပေါ်ထားရှိတဲ့ စိတ်စေတနာတွေကြောင့် တီဗီကြော်ငြာတော်တော်များများမှာ သူရဲ့ရုပ်ပုံလွှာက ထင်ဟပ်လာသလို ထုတ်လုပ်ရေးအသစ်တွေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်လာတာကြောင့်လည်း သန်လျင်မြမြင့်မိုရ်မိုတယ်မှာ သူနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကောင်းပြည့်က ‘ထုတ်လုပ်ရေးပြောင်းပြီးရိုက်ဖြစ်တာက ကျွန်တော်က အစ်မနဲ့ရိုက်ချင်တယ်ဆိုပြီး စိန်ဌေးတိုက်ပိုင်ရှင်ဦးဝင်းကြည်ကိုပြောတယ်။ ဦးကလဲ အစ်မကိုပြောပေးတယ်။ အဲဒီမှာအစ်မက သူ့တိုက်အတွက်ပါ ရိုက်ဖို့ညှိရင်းနဲ့ လက်တွဲဖြစ်သွားတာပါ။ အခုအစ်မနဲ့ ရိုက်တာ ဒုတိယမြောက်ကားပေါ့။ ရှေ့ကားက မမိုးဟေကိုနဲ့ပါ။ ဒီကားပြီးရင်ဆက်ရိုက်မှာက ချစ်သုဝေနဲ့ပါ။ မင်းသမီးအသစ်နဲ့စတင်ရိုက်ကူးမှုနဲ့ပတ်သတ်တဲ့အတွေ့အကြုံကို အစ်မနဲ့က အဆင်ပြေတယ်။ အစ်မကအသစ်ဆို သေချာအချိန်ယူပြီးသင်ပေးတယ်။ သူလိုချင်တဲ့ ပုံစံမ၀င်မချင်း အချိန်ယူပြီးရိုက်တယ်။ အသေးစိတ်ပြင်ဆင်မှုအပိုင်းကအစ သေချာပြင်ဆင်ပြီးမှရိုက်တဲ့အတွက်တော့ အားလုံးကအဆင်ပြေပါတယ။် ထုတ်လုပ်ရေးပြောင်းလဲရိုက်ကူးမှုနဲ့ပတ်သတ်ပြီး တိုက်ပြောင်းပြီးရိုက်တဲ့အတွက် ထူးထူးခြားခြားကြီးကွာခြားသွားတာတော့မရှိပါဘူး။ စိန်ဌေးတိုက်မှာတုန်းကတော့ ဒါရိုက်တာစုံတယ်။ ဒီတိုက်နဲ့ကျတော့ အစ်မက ပရိုဂျူဆာ သူပဲထုတ်လုပ်ရေး၊ သူပဲဒါရိုက်တာဆိုတော့ ဒါရိုက်တာတစ်ယောက်တည်းဖြစ်သွားတာပေါ့။ စိန်ဌေးနဲ့တုန်းက ဒါရိုက်တာစုံတယ်။ဒါပဲကွာတာပါ။ ကျန်တာကတူတူပါပဲ။ ထွက်ရှိထားတဲ့ဇာတ်ကားတွေနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့အသံကို ထွက်ထားတဲ့ကားတွေထဲမှာ ပရိသတ်အားပေးတာက မျိုးရိုးကအထက်တန်းစားပေါ့။ အကုန်တော့အားပေးကြပါတယ။် ကြိုက်လဲကြိုက်ကြတယ်လို့ပြောတယ။် တချို့ကကျတော့ ကျွန်တော့ကို ဆံပင်စတိုင်ကြိုက်တယ်လို့ပြောကြတယ်။ ပရိသတ်လဲကြိုက်ပြီးအမှတ်တရဖြစ်တာကတော့ မျိုးရိုးက အထက်တန်းစားပေါ့နော်။ ပရိသတ်ရဲ့အသိအမှတ်ပြုခြင်းခံရတဲ့ကားလေးဆိုလဲမမှားပါဘူး။’’လို့ ပြောပါတယ်။
လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီတော့လဲ ကောင်းပြည့်က ‘အခုအေးအေးဆေးဆေးပါပဲ။ အလုပ်ကိုပဲကြိုးစားပြီးလုပ်နေပါတယ်။ ကိုယ့်အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့အတွက် အေးအေးဆေးဆေးပါပဲ။ ကျန်တာဘာမှမရှိပါဘူး။ အခုချိန်မှာ တစ်ယောက်တည်းက ပိုပြီးသေချာပါတယ်။ အလုပ်ကိုပဲဖက်တွယ်ပြီး ပရိသတ်အတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်’တဲ့။