Dallas Buyers Club

dallas_buyers_club.jpg

၁၉၈၆ ခုနှစ်တုန်းက Dallasမြို့က လိင်တူဆက်ဆံသူတွေကိုမနှစ်မြို့ပြီး ပါတီကြိုက်တဲ့ ဆေးသမား Ron Woodroof မှာ HIV ပိုးတွေ့နေပြီးရက်သုံးဆယ်သာအသက်ရှင်ရတော့မှာဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာတစ်ခုထဲသောတရားဝင် မူးယစ်ဆေးဖြစ်တဲ့ အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က အသိအမှတ်ပြုတဲ့ AZT ဆေးကိုစသုံးမိတာဖြစ်ပြီးအဲဒီ့ဆေးကြောင့်သူ အသက်အန္တရယ်နဲ့နီးစပ်လာတာဖြစ်ပါတယ်။ သူအသက်ရှင်နိုင်ဖို့အတွက် ကမ္ဘာတစ်လွှားက အမေရိကန်နိုင်ငံမှာတရားမ၀င်တဲ့ ဆေးဝါးပေါင်းဆုံကိုရှာဖွေတင်သွင်းပါတော့တယ်။ အခြား AIDS ဝေဒနာရှင်တွေကဆေးရုံဆေးခန်းတွေဆရာဝန်တွေဆီက ဆေးဝါးတွေရယူပေမယ့် Ron ကတော့ ဆရာဝန် Eve Saks လူနာတစ်ယောက်ဖြစ်တဲ့ Rayon တို့နဲ့အတူ ကုသနည်းအဆန်းတွေနဲ့ကုသတဲ့ Dallas Buyers Club ကိုထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေတိုးပွားပြီး ကြီးမားလာတဲ့ ဒီ Club ဟာ FDA ရဲ့အာရုံစိုက်မှုကိုခံရပြီး Ron အပေါ်ကိုအားလုံးကစတင်တိုက်ခိုက်ပါတော့တယ်။ Ron Woodroof အဖြစ် Matthew McConaughey, Dr. Eve Saks အဖြစ် Jennifer Garner, Rayon အဖြစ် Jared Leto အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Jean-Marc Vallée ဖြစ်ပါတယ်။

(ref: Wikipedia)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.