ဇီဒန်း-မာတာရာဇီရုပ်တုများမထားရှိရန် ဒေသခံများကန့်ကွက်သဖြင့် ဒိုဟာမြို့မှ ဖယ်ရှားခဲ့ရ

news_b.jpg

၂၀၀၆ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမား ဇီဒန်း၏ အီတလီနောက်ခံလူမာတာရာဇီအား ခေါင်းဖြင့် တိုက်ခဲ့သည့်ပုံစံတူ ရုပ်တုများကို ပြီးခဲ့လကမှ၂၀၂၀ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံ၏မြို့တော်ဒိုဟာတွင် စ
တင်ထားရှိခဲ့ကြသော်လည်း ဒေသခံများထံမှာ ဘာသာရေးဥပဒေနှင့် မကိုက်ညီဟူသောဝေဖန်မှုများကြောင့် ပြန်လည်သိမ်းဆည်းလိုက်ရကြောင်း သိရှိရသည်။ ကာတာသတင်းမီဒီယာများ၏ ဖော်ပြချက်အရ အစ္စလာမ် ဘာသာရေးဥပဒေအရလူသားတို့၏ရုပ်တုများပြုလုပ်ထားရှိခြင်းအား ကိုးကွယ်မှုပြုလုပ်လာမည်ကို တားမြစ် သောအားဖြင့် ခွင့်မပြုထားရာ ဒေသခံများက ထိုရုပ်တုကို ၀ိုင်းဝန်းဝေဖန်ခဲ့ကြသဖြင့် ယမန်နေ့က ဖယ်ရှားပေး လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ (၁၆)ပေအမြင့်ရှိသည့် အဆိုပါကြေးရုပ်တုအား အဲလ်ဂျီးရီးယားပညာရှင်အက်ဒဲလ်အက်ဘ်ဒက်စ်ဆမ်မက်စ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲရစ်မြို့ရှိ နာမည်ကျော်ပြတိုက်တစ်ခုရှေ့တွင် ဦး စွာပြသခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလကမှ ကာတာနိုင်ငံ၏ မြို့တော်ဒိုဟာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဇီဒန်း၏နာမည်ကျော်ခေါင်းတိုက်ချက်ရုပ်တုအားအာရတ်မော်ဒန်အနုပညာပြတိုက် အတွင်း သိမ်းဆည်းထားကြောင်း သိရသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.