ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်နေ

1454576_408154602665124_3645259944429721322_n.jpg

.၂၇ လက်မ အထူရှိပြီး အထူးသဖြင့် အကြမ်းခံလှတဲ့ iPhone 6 ထွက်ရှိလာခဲ့ပေမဲ့ ဒီလောက်နဲ့ ရပ်တန့်မသွားသေးဘဲ တရုတ်ရဲ့ Oppo အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီက သူ့ရဲ့ R5 ဖုန်းကို ထုတ်လုပ်လာခဲ့လို့ လတ်တလောမှာဆိုရင် ဈေးကွက်ထဲ အပါးလွှားဆုံး ဖြစ်လာနေပါပြီ။

သေးသွယ်တဲ့ .၁၉ လက်မ အထူရှိ R5 နဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားထားပါတယ်။

.၃၁ လက်မအရွယ်ရှိ Samsung Galaxy S5 ၊ .၃၇လက်မအရွယ် HTC One M8 ၊ Sony Xperia Z3 ရဲ့ .၂၈လက်မအရွယ်အစားနဲ့ ပျှမ်းမျှအားအနေဖြင့် .၂၆ လက်မအထူရှိတဲ့ ခဲတံတစ်ချောင်းထက်တောင် ပိုလို့ ပါးပါသေးတယ်။

Oppo ဖုန်းက အတော်ပါးလာနေတဲ့အချိန်မှာ ၄.၆ အောင်စ အလေးချိန်ရှိ iPhone 6 ၊ Samsung Galaxy S5 (၅.၁ အောင်စ) ၊ နဲ့ ၅.၅ အောင်စအလေးချိန်ရှိတဲ့ တခြားစမတ်ဖုန်းတွေထက်  ပိုလေးနေတာကိုကြည့်ရင်တော့ မျက်စိလည်စရာပေါ့။

အပါးလွှာဆုံးဆိုတာဟာလည်း ဆက်လက်လည်ပတ် ရပ်တည်နိုင်ဖို့ ဂုဏ်ပုဒ်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ အစောပိုင်းအချိန်ကာလတုန်းက .၂၅ လက်မနဲ့ Alcatel One Touch ကို အပါးလွှာဆုံးလို့ ခေါ်ထားခဲ့ပေမဲ့ လအနည်းငယ်ကြာလာတဲ့အချိန်မှာ  .၂၄ လက်မအရွယ်အစားရှိ Huawei Ascend P6 ရဲ့ အနိုင်ယူမှုခံလိုက်ပြီး နောက်အချိန်ကာလထပ်ကြာလာတော့ Umeox X5 ရဲ့ နိုင်ယူမှုကို ခံလိုက်ရပြန်ပါတယ်။

R5 မှာ Android ပေါ်အခြေခံတည်ဆောက်ထားတဲ့ Oppo ရဲ့မူပိုင် ColorOS စနစ်ပေါ်အခြေခံ လည်ပတ်ပါတယ်။ ဒီစမတ်ဖုန်းကို အွန်လိုင်းမှာ ဝင်ရောက်ရှာဖွေနိုင်ပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ $499 သတ်မှတ်ထားပါတယ်။

Source: Xinhua

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.