ဘွဲ့ရ ပညာတတ် မိဘတွေက မွေးဖွားလာသူတွေဟာ ဘွဲ့တစ်ခုမှရမထားတဲ့ မိဘတွေရဲ့ သားသမီးတွေထက် ၀င်ငွေပိုကောင်း

1414729353758_wps_28_graduates_leave_the_great.jpg

ဘွဲ့ရပညာတတ် မိဘတွေမှ မွေးဖွားလာသူတွေဟာ ဘွဲ့တစ်ခုမှ ရမထားတဲ့ မိဘတွေရဲ့ သားသမီးတွေထက် ၀င်ငွေပိုကောင်းတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

တက္ကသိုလ် တက်ရောက်ခဲ့တဲ့ မိဘတွေရှိခြင်းဟာ လူတစ်ယောက်ရဲ့ ၀င်ငွေကို ခြားနားမှုတွေ ဖြစ်အောင် လုပ်ပေး နိုင်ပါတယ်။ သူတေသီတွေရဲ့ တင်ပြမှုတွေအရ အဆင့်အတန်းမြင့်မားတဲ့ နောက်ခံ ရှိတဲ့ ကလေးတွေဟာ ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်နိုင်ခဲ့တဲ့အတွက် သူတို့ဟာ နောက်ဆုံးမှာ ၀င်ငွေ ပိုကောင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Programme for the International Assessment of Adult Competencies (PIAAC) အတွက် အသက် ၂၅ နှစ်မှ အသက် ၄၉ နှစ် ကြားမှာရှိတဲ့ အမျိုးသား လေးသောင်း ကျော်ကို လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာမှာ  တက္ကသိုလ် ဘွဲ့ တစ်ခုတည်းကို တူညီစွာ ရရှိခဲ့တာခြင်း တူနေပေမယ့် တက္ကသိုလ် တက်ရောက်ခဲ့ခြင်းမရှိတဲ့ မိဘတွေမှ မွေးဖွားလာ အမျိုးသားတွေဟာ ဘွဲ့ရပညာတတ် မိဘတွေရဲ့ သားတွေ ထက် ၂၀ ရာခိုင်နှုန်း ခန့် ပျမ်းမျှ အားဖြင့် ၀င်ငွေပိုနည်းတာ ကို တွေ့ရပါတယ်။

အမျိုးသမီးတွေ အတွက်လည်း အင်္ဂလန် နဲ့ အိုင်ယာလန် မြောက်ပိုင်း တို့က အမျိုးသမီးတွေကိုလေ့လာခဲ့ရာမှာ တက္ကသိုလ် တက်ရောက်ခဲ့ခြင်းမရှိတဲ့ မိဘတွေမှ မွေးဖွားလာ အမျိုးသမီးတွေဟာ ဘွဲ့ရ ပညာတတ် မိဘတွေရဲ့ သမီးတွေ ထက် ၁၁ ရာခိုင်နှုန်း ခန့် ပျမ်းမျှ အားဖြင့် ၀င်ငွေ ပိုနည်းပါတယ်။

Ref:dailymail.co.uk

87 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.