ကျွန်တော့်အတွက် အရမ်းကိုကြီးမားပြီး နာမည်အရမ်းစီးလို့ တကိုယ်တော်အခွေကို အမြင့်ဆုံး ဆိုတဲ့Title ပေးဖြစ်သွားတာပါလို့ဆိုတဲ့ X Box

1551521_10201588192643465_389761793_nkkk.jpg

Underground ကနေတစ်ဆင့် တစ်ဖြေးဖြေးနဲ့ mainstream လောကထဲ ရောက်ရှိဖို့ ကြိုးစားနေသူ X Box ဟာ အခုချိန်မှာလည်း ပရိသတ်အားပေးမှု အထိုက်အလျောက်ရှိနေပြီဖြစ်တဲ့အတွက် သူနဲ့တွေ့ဆုံမေးမြန်းကြည့်ဖြစ်တဲ့အခါ “ကျွန်တော် အတွဲခွေတွေမှာ သီချင်းဆိုဖြစ်ပါတယ်။ သီချင်းတော်တော်များများ ဆိုဖြစ်နေပါတယ်။ နောက်ပြီး ကျွန်တော်ရဲ့ အမြင့်ဆုံးအခွေနဲ့ ပတ်သက်ပြီး ပြင်ဆင်နေပါပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ Underground မှာတုန်းက လုပ်ခဲ့တဲ့ ကောင်းတဲ့သီချင်းတွေကို  မြူးဇစ်ဗီဒီယိုတွေ ရိုက်ထားတာတွေ ရှိတယ်လေ။ ကျွန်တော့်တကိုယ်တော်အခွေကို ဘာလို့ အမြင့်ဆုံးလို့ပေးတာလဲ ဆိုရင် ကျွန်တော်ဖေ့စ်ဘွတ်ရော၊ နောက်ပြီး ကျွန်တော့်ရဲ့Rapperတွေရော၊ ဟစ်ဟော့ကိုကြိုက်တဲ့ လူငယ်တွေရော ကျွန်တော်နဲ့ကိုဂျေမီနဲ့ဆိုထားတဲ့ အမြင့်ဆုံးသီချင်းကို လက်ခံကြတယ်။ အဲဒီ့နာမည်က ကျွန်တော့်အတွက်က အရမ်းကြီးကို ကြီးမားတယ်။ ပြီးတော့အရမ်းကို နာမည်ကလည်း အရမ်းစီးလို့ အဲဒီ့နာမည် အမြင့်ဆုံးကိုပဲ Title ပေးလိုက်တာပါ။”လို့ သူက ပြောပါတယ်။

Mainstream ထဲရောက်လာတော့မယ့် underground က ရက်ပ်ပါတစ်ယောက်အတွက် မြူးဇစ်ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအပြောင်းအလဲလေးတွေ ရှိမလဲဆိုတာကိုတော့ သူက “ကျွန်တော် အရင်Underground မှာလုပ်ခဲ့တုန်းက ကပ္ပလီဆန်ဆန် အတွေးတွေနဲ့ လုပ်ခဲ့တာပေါ့။ တကယ် Mainstream လောကထဲမှာ ကျွန်တော်တက်ရတော့မယ့်အချိန်မှာ  ကျွန်တော်လုပ်ချင်တဲ့ တကိုယ်ကောင်းစိတ်တွေ ကိုလျှော့ချပြီးတော့ ပရိသတ်အကုန်လုံး ခံစားနိုင်တဲ့ အကြောင်းအရာတွေနဲ့၊ ကျွန်တော်ကြိုက်တဲ့ မြူးဇစ် နဲ့ပေါင်းစပ်ပြီးတော့ပဲ ဖန်တီးမှုတွေ လုပ်သွားတာပါ။ အဲဒါက ကျွန်တော့်ရဲ့ ဖန်တီးမှုအပေါ်မှာပဲ မူတည်မလား။ ကျွန်တော့်ရဲ့စိတ်နဲ့ပဲ မူတည်မလားတော့ မသိဘူး။ ကျွန်တော် တစ်ယောက်တည်း လုပ်တဲ့ သီချင်းတွေကျရင် ကိုယ့် စိတ်ကြိုက် ဖန်တီးတာများတယ်။ ကျွန်တော့်ရဲ့ အကြိုက်ကိုကြိုက်တဲ့ သူတွေလောက်ပဲ သီချင်းတွေကို ကြိုက်တာများတယ်။ ကျွန်တော်က နဂိုကတည်းက Rap ကိုမြန်ပြီးတော့ သူများနဲ့မတူတဲ့ ပုံစံမျိုးဆိုရတာ ကြိုက်တယ်။ ဆန်းသစ်မှုကို လုပ်ရတာ ကျွန်တော် အရမ်းဝါသနာပါတော့ သူများတွေနဲ့ တွဲလုပ်တော့ ကိုယ်အရမ်းကြိုက်တဲ့ ပုံစံတွေထက် နည်းနည်း လျော့ပြီးလုပ်တော့ လူပိုကြိုက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်အခုလို ရှိုးပွဲတွေမှာ ဆိုလာရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်စိတ်ကြိုက်ဖန်တီးတဲ့မြူးဇစ်နဲ့ နားထောင်တဲ့ ပရိသတ်နဲ့ အကြိုက်ချင်းတူသွားလို့ ဖြစ်မှာပါ”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.