လူမဆန်နှိပ်စက်တဲ့ မြောက်ကိုရီးယားနိုင်ငံမှ လွတ်မြောက်လာတဲ့ Yeonmi Park

_78595000_78591194.jpg

မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အဆာငတ်မှုတွေကို BBC သို့ ပြောဆိုသွားပါတယ်။

သွေးထွက်သံယို၊ ကွပ်မျက်သတ်ဖြတ်မှုတွေ ကို မျက်စိနဲ့ တပ်အပ်တွေ့မြင်ခဲ့ပြီးတဲ့နောက် ဆက်လက်အသက်ရှင်နေထိုင်နိုင်ဖို့အတွက် မြက်ပင်တွေနဲ့ ပိုးကောင်တွေကိုသာ ညှာတာမှုကင်းစွာ အတင်းစားစေခဲ့တဲ့အကြောင်း သူမက ပြောပြခဲ့ပါတယ်။
သူမ အသက် ၁၃ နှစ်အရွယ်ရောက်ချိန်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုကို ရရှိပိုင်ဆိုင်ဖို့ တရုတ်ပြည်ကို ထွက်ပြေးခဲ့ပေမယ့် သူမရဲ့မိခင်ကတော့ ကလေးတွေရဲ့ အသက်ကာကွယ်ဖို့ ကြိုးစားရင်း ရက်ရက်စက်စက် အဓမ္မပြုကျင့်ခံရတယ်လို့ Yeonmi Park ကဆိုပါတယ်။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ သူမက လတ်တလောအချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်လျက်ရှိပြီး မြောက်ကိုရီးယားရဲ့ ဖိနှိပ်တဲ့ အာဏာရှင်အစိုးရအကြောင်း လူတွေသိမြင်လာအောင် ဆောင်ရွက်ရင်း ကမ္ဘာတစ်ဝှမ်းခရီးထွက်နေသူပါ။

သူမက ရင်နာစရာကောင်းတဲ့ သူ့ရဲ့ငယ်ဘဝအကြောင်းတချို့ကို ဘီဘီစီဘက်တော်သား Lucy Hockings နဲ့ ဝေမျှသွားခဲ့ပါတယ်။

Source: BBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.