ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ရလာတဲ့ အောင်မြင်မှု အတိုင်းအတာအပေါ်မှာ ကျေနပ်မိတယ်လို့ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

10413382_295705473922547_3840744660776461710_nhhhh.jpg

အဆိုတော်အိုင်းရင်းဇင်မာမြင့် တစ်ယောက်သူ့ရဲ့ဒုတိယတစ်ကိုယ်တော်အခွေ နဲ့ပတ်သက်ပြီး ဒီနှစ်မကုန်ခင် ပရိသတ်ရှေ့ ချပြနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါမှာတော့

“အိုင်းရင်း လတ်တလောမှာ ဒုတိယတေးစီးရီးအမြန်ဆုံး ထွက်နိုင်ဖို့ လုပ်နေပါတယ်။ ဒီနှစ်မကုန်ခင်လောက် ထွက်မှာပါ။ အိုင်းရင်းက ဒုတိယအခွေနဲ့ပတ်သက်ပြီး သိပ်အများကြီး မပြောဖြစ်ဘူးဆိုတာက အိုင်းရင်းလည်း အများကြီး ကြိုးစားထားတယ်။ ဒါပေမယ့် အိုင်းရင်းနဲ့ ပရိသတ် အားပေးမှုနဲ့ တစ်ထပ်တည်း ကျဖို့ မျှော်လင့်ထားတယ်။ အိုင်းရင်းက အခွေနဲ့ပတ်သက်ပြီး အများကြီး ပြောပြီးတော့မှ ပရိသတ်ဆီကရတဲ့ တုန့်ပြန်သံက နည်းနည်းပြောင်းလဲနေတာမျိုး ဖြစ်မှာစိုးလို့ ဒုတိယအခွေနဲ့ ပတ်သက်ပြီး သိပ်ပြီး ဘာမှမပြောချင်သေးပါဘူး။ ပရိသတ် လက်ထဲချပြပြီးတော့မှ ပရိသတ်တွေဆီက လာတဲ့အသံကိုပဲ ကြားချင်တာပါ။ ဒီအခွေထဲက သီချင်းတွေက အိုင်းရင်း ပထမအခွေ ယိမ်းလိုက်အခွေထဲကလိုပါပဲ။ ပုံစံမတူ နည်းနည်းလေးပဲ ကွဲထွက်သွားမယ်။ နှလုံးသားအရင်းအနှီး သီချင်းက ပရိတ်ကြားမှာအရမ်းပေါက်ခဲ့တော့ MTV ထွက်စေချင်ကြပေမယ့် အဲဒီ့ ဘဝတစ်ကွေ့အခွေက သုံးယောက်လုပ်တဲ့ အလုပ်ဆိုတော့ နည်းနည်း ခက်ခဲတာပေါ့နော်။ အိုင်းရင်းတို့မြူးဇစ်သမားနှစ်ယောက်က အမြဲတမ်း ထိတွေ့မှုရှိတယ်။ အဲဒီ့မှာ တစ်ယောက်က မင်းသားဖြစ်နေတဲ့ အခါကျတော့ မင်းသားနဲ့ အဆိုတော်နဲ့ ချိတ်ဆက်မှုတွေက တစ်ယောက်နဲ့ တစ်ယောက်ကလည်း အားလပ်ရက်တွေ မတူကြ ဘူးပေါ့နော်။ အဲဒါလေးနဲ့ပဲ အိုင်းရင်းတို့ကကြားထဲမှာ အရမ်းဟသွားတာပေါ့။ အဲဒီလိုကွာဟသွားတော့ ပရိသတ်တွေ ကလည်း သိပ်စိတ်မဝင်စား တော့ဘူး လို့ထင်လို့ အိုင်းရင်းတို့ဘက်က ဆက်မလုပ်တော့ပဲ ရပ်လိုက်တာပါ။”လို့ သူမက ပြောပါတယ်။

လတ်တလော တောက်လျှာက် နယ်ရှိုးတွေ ဆိုဖြစ်နေတဲ့ သူမက  “’ဒီနေ့ တောင်ကြီးသွားရမယ်။ တောင်ကြီးကနေ မဲဆောက်သွားရမယ်။ မန္တလေးသွားရမယ်။ နောက်ပြီး ထိုင်းကို သွားရမှာပါ”တဲ့။

 အိုင်းရင်းရဲ့အခုလက်ရှိအောင်မြင်မှုပေါ်မှာရော ကျေနပ်အားရမှု ရှိမရှိကိုတော့ “အိုင်းရင်းကျေနပ်ပါတယ်။ အိုင်းရင်း စစလာချင်းကတည်းက ကိုယ့်ကြိုးစားမှုပေါ်မှာ ရလာတဲ့ အတိုင်းအတာလေးအပေါ်မှာ ကျေနပ်ပါတယ်။ ရှေ့ဆက်ပြီး ပရိသတ်တွေအတွက် အိုင်းရင်းကတော့ ဒီဂီတ အလုပ်တစ်ခုပဲ လုပ်တတ်တာဆိုတော့ ကိုယ့်ရဲ့အလုပ်လေးကတော့မြူးဇစ်ပေါ့နော်။ အဲဒီ့တော့မြူးဇစ်နဲ့ ပတ်သက်တဲ့အပေါ် မှာ အိုင်းရင်းက ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ ကိုယ့်ကိုကိုယ် မညှာပဲနဲ့ အမြဲတမ်း ကြိုးစားနေပါတယ်။ အရင်တုန်းက အိုင်းရင်းဇင်မာမြင့် ကို ချစ်ခဲ့တဲ့ပရိသတ်တွေရော၊ မချစ်သေးပဲ လက်မခံသေးကြသေးတဲ့ ပရိသတ်တွေ အားလုံးကိုရော အိုင်းရင်းဇင်မာမြင့်က ရှေ့ဆက်ရှေ့ဆက်ပြီးတော့ အကောင်းဆုံး ဖြစ်အောင်ပြီးတော့ အားလုံးရဲ့မေတ္တာတွေကို လိုချင်လို့ ကြိုးစားနေပါတယ်”လို့ သူမက ပြောပြပေးသွားပါတယ်။                                                

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.