လေယာဉ်ခရီးသည်တစ်ဦး ရိုက်ခဲ့တဲ့ ထူးခြားဆန်းပြားဓာတ်ပုံ

ad_150074659.jpg

ခရီးသည်တစ်ဦးဖြစ်သူ Melissa Rensen က လေယာဉ်ပေါ်မှ လှပတဲ့ တိမ်စိုင်တွေ စုဖွဲ့နေကြတာကို သာမာန်လိုပဲ ဓာတ်ပုံလေးတစ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ကနေဒါနိုင်ငံသားဖြစ်တဲ့ သူမက နောက်ပိုင်းမှာ သူ့ဓာတ်ပုံထဲ အရောင်အစင်းတွေ တွေ့တဲ့အချိန်မှာ အံ့သြမှုဖြစ်ခဲ့ပါတယ်။

ရိုးရိုးမျက်စိနဲ့ဆို သက်တန့်ကြီးကို ခုလိုတွေ့ခဲ့မှာ မဟုတ်ပေမယ့် ဓာတ်ပုံထဲတွေ့ရတဲ့အခါမှာတော့ အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။ အစကတော့ ဒါ လေယာဉ်ပြတင်းမှန်ဘောင် သို့မဟုတ် လေယာဉ်လောင်စာအခိုးအငွေ့ကြောင့်လို့ ထင်မှတ်ခဲ့တယ်လို့ သူမက ပြောဆိုခဲ့တယ်။

ဒီလို တစ်ခါမှ မကြုံဖူးဘူး။ နောက်တစ်ခါထပ်ကြုံရမယ်လို့လည်း မထင်ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံကိုတော့ Ms Rensen London မှ Honduras သို့ ခရီးသွားနေချိန်မှာ Caribbean ပင်လယ်ပြင်ရဲ့ အပေါ်စီးကနေ ရိုက်ခဲ့တာဖြစ်ပြီး ဘာဓာတ်ပုံ effect မှ သုံးမထားဘူးလို့ သိရပါတယ်။

Source: Metro

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.