Kill Your Darlings (၂၀၁၃)

kill_your_darlings.jpg

၁၉၄၄မှာ Allen Gainsberg ဟာ Columbia တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ။ အခြားလူတွေအပေါ် သြဇာညောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အတန်းဖေါ် Lucien Carr နဲ့သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ Carr နဲ့အတူ Ginsberg ဟာ အလွန်ကြိုးစားတဲ့ စာရေးဆရာနှစ်ယောက်ဖြစ်တဲ့  William Burroughs, Jack Kerouac တို့နဲ့မိတ်ဆွေဖွဲ့ခဲ့ပါတယ်။ ပြီးတော့ Beat စာပေလှုပ်ရှားမှုကိုထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာသူတို့အဖွဲ့ထဲကို David Karammerer ရောက်လာပါတယ်။ Karammerer ဟာ St. Louis က ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဒီထက်ထက်မြက်မြက်လူငယ်အုပ်စုနဲ့ မိတ်ဆွေဖြစ်ပြီးချိန်မှာ Carr ကိုချစ်မိသွားပြီး သွားလေရာကို လိုက်ပါတော့တယ်။ Carr တစ်ယောက် Columbia တက္ကသိုလ်တက်နေချိန်မှာ Kammerer က New York မြို့ကိုပြောင်းနေပါတယ်။ Carr က Kammerer အပေါ်စိတ်ဝင်စားမှုမရှိမှန်းသိပေမယ့်  Kammerer ကဆက်ပြီးရှေ့ကိုတိုးတိုးလာပါတယ်။ မကြာခင်မှာ Kammerer ဟာထူးဆန်းတဲ့အနေအထားနဲ့သေဆုံးနေကြောင်းသိရပါတယ်။ Carr Burroughs နဲ့ Kerouac တို့ကို ရဲက သံသယနဲ့ဖမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ၁၉၅၀ ကျော်နှစ်တွေအတွင်း အမေရိကန်နိုင်ငံမှာ ထင်ရှားလာတဲ့ Beat စာပေလှုပ်ရှားမှုကို ၏ဦးဆောင်နိုင်ခဲ့တဲ့ Allen Ginsberg, William S. Burroughs နဲ့ Jack Kerouac တို့ရဲ့ဘ၀တွေအပေါ်ကြီးမားတဲ့သက်ရောက်မှုဖြစ်ခဲ့ပါတယ်။ Allen Gainsberg အဖြစ် Harry Potter ဇာတ်လမ်းတွဲတွေနဲ့ကျော်ကြားခဲ့တဲ့ Daniel Radcliffe ကသရုပ်ဆောင်ထားပါတယ်။ Lucien Carr အဖြစ် Dane DeHaan , Jack Kerouac အဖြစ် Jack Huston, William S. Burroughs အဖြစ် Ben Foster, David Kammerer အဖြစ် Michael C. Hall တို့က ပြီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ John Krokidas ရဲ့ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပါတယ်။

(Ref: Wikipedia, Imdb, rottentomatoes)

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.