မော်ဒယ် သရုပ်ဆောင် အဆိုတော် မြတ်သူအောင်ကတော့ ဒီနှစ် new year ကို မန္တလေးမှာ ဖြတ်သန်းမှာဖြစ်ပြီး ထွက်ရှိထားတဲ့အခွေနဲ့ ပရိသတ်အတွက် သူ့ရဲ့ဆုတောင်းကို ခုလို ပြောပြပေးသွားပါတယ်။ ‘ဒီနေ့ new year ညကတော့ မန္တလေးမှာ သီချင်းဆိုဖို့ရှိတယ်။ ကျွန်တော်ထွက်ထားတဲ့ အခြားတစ်ဖက် အမ်တီဗီလေးကလဲ ထင်ထားတာထက်ကို ပိုပြီး ရောင်းရပါတယ်။ ပရိသတ်တွေကလဲ ကြိုက်ကြတယ် လို့ပြောကြတယ်။ အဆင်ပြေတယ်ပေါ့နော်။ ပရိသတ်ကြီး ၂၀၁၃အကူး ၂၀၁၄မှာ မထင်မှတ်ထားတဲ့ ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်’တဲ့။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။