အဓိကရုဏ်းဖြစ်မှုတွေများလာတာဟာ ရာသီဥတုအပြောင်းအလဲနဲ့ဆက်စပ်မှုရှိ

violence_and_climatic_changes.jpg

ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှုတွေများလာတာဟာ ရာသီဥတုအပြောင်းအလဲနဲ့ အတော်လေးဆက်စပ်မှုရှိတယ်လို့ သုတေသနပြုချက်အရ သိရပါတယ်။ အပူချိန်၊ မိုးရေချိန် စတာတွေ နည်းနည်းလေးပြောင်းရင်တောင် အကြမ်းဖက်မှု၊ မုဒိန်းမှု၊ လူသတ်မှု၊ အုပ်စုလိုက် အဓိကရုဏ်းဖြစ်မှု၊ တိုက်ပွဲ စတာတွေဖြစ်နှုန်းက မြင့်လာတော့တာပါပဲ။ သုတေသနအဖွဲ့က ထွက်ချက်ထားတဲ့ ရာသီဥတုမျိုးသာ ဖြစ်လာမယ်ဆိုရင် ကမ္ဘာကြီးမှာ အဓိကရုဏ်းဖြစ်တာတွေပိုများလာတော့မှာပါ။ ဒီသုတေသနရပ်နဲ့ ပတ်သက်ပြီး သိပ္ပံမဂ္ဂဇင်းမှာလည်း ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဒီဆက်သွယ်ချက်တွေနဲ့ပတ်သက်လို့ မတူညီတဲ့အချိန်တွေနဲ့ မတူညီတဲ့ ကမ္ဘာ့တိုက်ကြီးတွေမှာ လေ့လာမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲနဲ့ အဓိကရုဏ်းဖြစ်မှုတွေရဲ့ ကြားကဆက်စပ်မှုက တကယ့်ကို အကြီးကြီးပါ။ သုတေသီတွေဟာ နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လေ့လာမှု ၆၀ကျော်ကရတဲ့ အချက်အလက်တွေကိုလည်း ကြည့်ဖြစ်ခဲ့ပါသေးတယ်။ ဥပမာအားဖြင့် မကြာသေးမီက အိန္ဒိယမှာ မိုးခေါင်တဲ့ကာလတွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကာယိနြေ္ဓ  နှောင့်ယှက်မှု၊ အကြမ်းဖက်မှု၊ မုဒိန်းမှုနဲ့ လူသတ်မှုတွေဟာ အမေရိကန်မှာ အပူလှိုင်းဖြတ်တဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီ့တော့ အပူချိန်တက်လာရင် ဥရောပ လူမျိုးပဋ္ဋိပက္ခတွေနဲ့အာဖရိက ပြည်တွင်းစစ်တွေ အပါအ၀င် အဓိကရုဏ်းတွေပိုဖြစ်လာပါလိမ့်မယ်။

စိတ်ပညာအခြေခံအချက်အရလဲ အပူချိန်တက်လာရင် လူတွေက ရန်မူဒေါသထွက်တတ်၊ သွေးကြွတတ် ကြတယ်ဆိုတဲ့ အချက်ရှိပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာအပူချိန်ဟာ ၂ဒီဂရီစင်တီဂရိတ် (၃ဒဿမ၆ဖာရင်ဟိုက်) တက်လာရင် တစ်ကိုယ်ရည် မှုခင်းတွေအနေနဲ့ ၁၅ရာခိုင်နှုန်း၊ အုပ်စုဖွဲ့အဓိကရုဏ်းအနေနဲ့ ၅၀ရာခိုင်နှုန်းမြင့်တက်လာလိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်းတွက်ချက်ထားပါတယ်။ အချိန်နဲ့ တစ်ပြေးညီ လေ့လာမှုတွေ ပြုခဲ့ပြီး သိလာရတဲ့အချက်တွေဖြစ်ပါတယ်။

Ref:BBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.