မကြာခင် အမိုက်စားအယ်လ်ဘမ်တစ်ခု ပရိသတ်တွေဆီပို့ဆောင်ပေးနိုင်အောင် ကြိုးစားနေတဲ့ အဆိုတော်ချမ်းချမ်းက သူ့အခွေနဲ့ ပတ်သက်ပြီး ခုလိုဖွင့်ဟသွားပါတယ်။
‘အစ်မရဲ့တတိယအခွေထွက်ဖို့ရှိတယ်။ ဒါပေမဲ့ ဆီးဂိမ်းနဲ့ ကျတော့ တိုက်နေမှာစိုးလို့ နောက်ဆုတ်ထားတာ။ အစ်မရဲ့အခွေထဲမှာ ထူးထူးခြားခြားအတွဲဆိုထားတာတွေလဲ ထည့်ထားတဲ့ အခါကျတော့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို လိုချင်တဲ့အတွက် ၊ပရိသတ်ရဲ့ တုံ့ပြန်မှုကိုလိုချင်တဲ့အတွက် အချိန်တစ်ခုကိုစောင့်နေတာပါ။ လောလောဆယ်တော့ ဆီးဂိမ်းနဲ့ ပတ်သတ်တဲ့ လှုံ့ဆော်မှုပွဲတွေများနေတော့ ဒီအချိန်မှာအခွေထွက်ဖို့က သိပ်အဆင်မပြေဘူး။ ဆီးဂိမ်းပြီးလို့ပရိသတ်တွေ စိတ်အေးချမ်းသွားပြီဆိုမှ ကိုယ့်အခွေလေးကို ထွက်ဖို့စဉ်းစားထားတယ်။ Bonus နဲ့ဆို ၁၄ပုဒ်ပါတယ်။ တေးရေးကအစုံပဲ။ အစ်မကိုယ်တိုင်လဲရေးတယ။် တော်တော်များများ ပါပါတယ်။ Title ကအစ်မသီချင်းပြန်ရွေးပြီးမှပေးဖို့စဉ်းစားထားတယ်။ အစ်မမှန်းထားတာက ဇန်န၀ါရီ၊ ဖေဖော်ဝါရီလောက်ပေါ့။ အစ်မဒီအခွေလေးထဲမှာအရင်အခွေလို အသည်းကွဲသီချင်းတွေပဲမဟုတ်ဘူး။ အစုံထည့်ထားတယ့်အတွက်ကြောင့်ပုံစံလေးဆန်းမယ်လို့ထင်ပါတယ်'တဲ့။