Katy Perry နဲ့ John Mayer တို့ကတော့ လူသိရှင်ကြားချစ်သူမဖြစ်ခင် ချစ်သ၀ဏ်လွှာများ ပါးခဲ့ကြသတဲ့

katy_perry_john_mayer.jpg

အဆိုတော်မလေး Katy Perry နဲ့သူ့ရဲ့ချစ်သူ John Mayer တို့ဟာ ၂၀၁၂ ခုနှစ်ဇွန်လ ကစပြီးလူရှေ့ထွက်တွဲခဲ့အချိန်မတိုင်ခင်က ကလအတော်ကြာ ရည်းစားစာအပြန်အလှန် ရေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီအဆိုတော်မလေးရဲ့ သီချင်းအသစ် Legendary Lovers ဟာသူတို့ရဲ့ဇာတ်လမ်းအစပိုင်းက သူရေးခဲ့တဲ့စာတစ်စောင်ကို အစပြုစိတ်ကူးရပြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။

“အဲဒီ့စာကိုကျွန်မ Email တစ်စောင်ထဲမှာထည့်ရေးခဲ့ပါတယ်။ ကျွန်မတို့လူသိရှင်ကြားမဖြစ်ခင် စာတွေအပြန်အလှန်ရေးတဲ့ ကာလကြာ ချစ်ကျွမ်းဝင်မှုရှိ ခဲ့ပါတယ်။ Legendary Lovers ကိုပြန်ကြည့်လိုက်တော့ ဒီသီချင်းဟာအရမ်းမိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာကိန်းအောင်းနေတဲ့အရာတွေရှိရင် ကျွန်မအဲဒါတွေကိုဆက်တွေးတော့တာပဲ။ ပြီးတော့ အဲဒီ့အရာတွေနဲ့ပါတ်သတ်ပြီးသီချင်းဖန်တီးတော့တာပေါ့” လို့ Entertainment Weekly ကိုပြောပါတယ်။

Katy ကသူတို့နှစ်ယောက်မသိကျွမ်းခင်အချိန်ကတည်းက John ကိုကြိတ်ကြိုက်နေပါတယ်လို့ဆိုပါတယ်။

(ref:starpulse)

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.