စီးရီးအေပွဲစဉ်(၁၀)တွင် အေစီမီလန်အသင်းမှာ အိမ်ကွင်းဆန်စီရိုတွင် လာဇီယိုအသင်းအား ဧည့်ခံကစား ခဲ့ကာ ပွဲချိန်(၅၄)မိနစ်တွင် တစ်ကျော့ပြန် ကာကာ၏ဂိုးဖြင့် ဦးဆောင်နေနိုင်ခဲ့သော်လည်း ပွဲပြီးကာနီး (၇၂)မိနစ်တွင် လာဇီယိုနောက်ခံလူ ဆီယန်နီကခေါင်းတိုက်ဂိုးဖြင့် ပြန်လည်ချေပခဲ့မှုကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ ရသည်။ အေစီမီလန်မှာ ပွဲစဉ်(၁၀)ပြီးဆုံးချိန်တွင် (၁၂)မှတ်သာ ရရှိသေးပြီး အဆင့်(၁)နေရာမှ (၉)ပွဲသာ ကစား ရသေးသော ရိုးမားနှင့် (၁၅)မှတ် ပင်ကွာဟနေပြီဖြစ်ရာ ချန်ပီယံ ဆုဖလားအတွက် မျှော်မှန်းချက်မှာ စောစောစီးစီးပင်ပျောက်ဆုံးနေခဲ့ရပြီဖြစ်သည်။ လာဇီယို အား သရေကျသွားခဲ့ရသော ပွဲမှ အသင်းကစား ပုံအပေါ် အေစီမီ လန်ညာအစွန်နောက်ခံလူ အဘတ်တီက “ တစ်ဂိုးဦးဆောင်ခွင့် ရနေခဲ့ချိန်မှာ ဖိဖိစီးစီးလေး ကစား ခဲ့သင့်တယ်ဗျာ။ ကျွန်တော်တို့ အသင်းက အနိုင်ရမှာကို မသိစိတ်ကနေများကြောက်နေသလား မပြောတတ်ဘူး။ ကစားပုံ လုံးဝမကောင်းခဲ့တာကို ဒီနေ့မနက် သတင်းစာတွေ လှန်ကြည့် လိုက်တာနဲ့ သိနိုင်ပါတယ်။ အလှန့်အ ပြောင်းဖြစ်စေမယ့်နေ့ ကိုအမြန်ရောက်စေချင်နေပါပြီ။ ကာကာ ကတော့ သူ့ရဲ့စွမ်းရည် အားလုံးကို ထုတ်သုံး ပြီး ကူညီပေးခဲ့တယ်။သူက ကျွန်တော်တို့ အသင်းအတွက် အရမ်း အရေးကြီးတဲ့ဘောလုံးသမားဖြစ်လာနေပါပြီ ” ဟု အဘတ်တီ ကပြောခဲ့သည်။
အစီမီလန် အသင်းသား များမှာ အနိုင်ယူရန် ကြောက်ရွံ့နေခဲ့ဟု နောက်ခံလူ အဘတ်တီ ဝေဖန်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။