နှစ်ဦးပေါင်း (၅)ဂိုး သွင်းပြသည့် ဘေးလ်+ရော်နယ်လ်ဒို တိုက်စစ်အတွဲ ကို အန်ဆယ်လော့တီ ချီးကျူး

news_a.jpg

ယမန်နံနက် (၃း၃၀)အချိန်က စပိန်လာလီဂါပွဲစဉ်(၁၁)ကြားပွဲများကစားသွားခဲ့ရာ ထူးထူးခြားခြား အဖြစ် တစ်ပွဲတည်း(၁၀)ဂိုးအထိသွင်းခဲ့သောပွဲစဉ်တစ်ပွဲပါဝင်ခဲ့သည်။ ထိုပွဲမှာ ဘာနေဗျူးကွင်းမှ အိမ်ရှင်ရီးရဲလ် မက်ဒရစ်နှင့် ဆီဗီလာတို့ ကစားခဲ့သော ပွဲဖြစ်ပြီး ရီးရဲလ်က (၇-၃)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော ဂါရတ်ဘေးလ် အထူးခြေစွမ်းပြသွားခဲ့ပြီး ကိုယ်တိုင်(၂)ဂိုးသွင်း နိုင်ခဲ့သလို ဂိုးများလည်း ဖန်တီးပေးနိုင်ခဲ့သည်။

ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ တစ်ချက်တစ် ချက်မှာတော့ အာရုံစူးစိုက်မှု လွတ်သွားခဲ့တာမျိုးတွေရှိခဲ့ပေမယ့် အားလုံးခြုံကြည့်လိုက်တဲ့ အခါ ကောင်းမွန်တဲ့ပွဲ တစ်ပွဲဖြစ်ခဲ့တယ်။ ဟန်ချက်ညီဖို့တော့ နည်းနည်းလိုသေးတာပေါ့။ တကယ့်ကို အရူးအမူးဖြစ်စေခဲ့တယ်ပွဲဖြစ် ပြီး ဘေးလ် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နှစ်ဂိုးသွင်းပြခဲ့ပြီး စီရော်နယ်လ်ဒိုနဲ့ အတွဲညီညီ ထိုးဖောက်ခဲ့တယ်။ ဒီနေ့ တိုက်စစ်မှာ ဘေးလ်၊ စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီးမားတို့ အားလုံးကောင်းခဲ့ကြတယ်” ဟု ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ က ပြောခဲ့သည်။

ထိုပွဲတွင် ဂါရတ်ဘေးလ်က (၁၄၊၂၇)မိနစ်များ တွင် နှစ်ဂိုး ဆက်သွင်းယူပေးခဲ့ကာ (၃၂)မိနစ်အရောက် ရရှိလာခဲ့ သော ပင်နယ်လ်တီကို စီရော်နယ်လ်ဒိုက ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပြီး (၃၈၊၄၀)မိနစ်များတွင် ဆီဗီလားမှ ရာကီ တစ်နှင့် ဘက်ကာ တို့က တစ်ဂိုးစီပြန်ချေပကြသဖြင့် ပထမပိုင်းအပြီး ရီးရဲလ်က (၃-၂)ဂိုးဖြင့် နိုင်နေခဲ့သည်။ဒုတိယပိုင်း (၅၃၊၆၀)မိနစ်များတွင် ဘန်ဇီးမားနှင့် စီရော်နယ်လ်ဒိုတို့ တစ်ဂိုးစီ သွင်းခဲ့ကြသဖြင့် (၅-၂)ဂိုးဖြင့် ရီးရဲလ်က ဆက်လက် ဦးဆောင်နေခဲ့ကာ (၆၃)မိနစ်တွင် ရာကီတစ်က ဆီဗီလားအတွက် တစ်ဂိုးထပ်မံ ချေပခဲ့ပြန်သည်။ သို့ သော်လည်း (၇၁၊ ၈၀)မိနစ်များတွင် စီရော်နယ်လ်ဒိုနှင့် ဘန်ဇီးမားတို့ တစ်ဂိုးစီသွင်းခဲ့ကြပြန် သဖြင့် ပွဲပြီးဆုံးချိန် ရောက်သောအခါ ရီးရဲလ်မက်ဒရစ် က (၇-၃)ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.