အကယ်ဒမီယွန်းယွန်းကိုသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ အတူရရှိခဲ့တဲ့ အကယ်ဒမီဆုကြေးငွေ နဲ့ပတ်သက်လို့လည်း ဘာတွေပြုလုပ်သွားဖို့ အစီအစဉ်ရှိသလဲဆိုတာ ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ယွန်းယွန်း အခုလတ်တလောမှာတော့ SkyNetရဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်နေပါတယ်။ ယွန်းယွန်းရဲ့ အတန်းပညာကတော့ ရှစ်တန်းပါ။ ယွန်းယွန်းအနေနဲ့ အကယ်ဒမီဆုကို အရမ်းလိုချင်ခဲ့တာပါ။ ဒါပေမဲ့ အကယ်ဒမီဆုကို ယွန်းယွန်း မှန်းတော့မမှန်းရဲခဲ့ပါဘူး။ အကယ်ဒမီရပြီးသွားတဲ့ အချိန်မှာလည်း အခုထိ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပရိသတ်တွေရဲ့အားပေးတုံ့ပြန်မှုတွေကြောင့်လည်း ယွန်းယွန်းအရမ်းဝမ်းသာခဲ့ရပါတယ်။ တိမ်မင်းသမီးရဲ့ဒဏ္ဍရီဇာတ်ကားက ယွန်းယွန်းပထမဆုံး နှစ်ကိုယ်ခွဲအဖြစ် သရုပ်ဆောင် ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကြိုးစားအားထုတ်မှုကတော့ နှစ်ဆပိုပြီး လုပ်ခဲ့ရပါတယ်။ ယွန်းယွန်းရရှိခဲ့တဲ့ အကယ်ဒမီဆုကြေးငွေတွေထဲကနေ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ သမီးနဲ့ သက်တူရွယ်တူကလေးတွေရှိတဲ့ ပရဟိတနေရာတွေကို သွားရောက်ပြီး လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ယွန်းယွန်းရရှိခဲ့တဲ့ အကယ်ဒမီဆုကလည်း ပရိသတ်တွေနဲ့တိုက်ရိုက်သက်ဆိုင် ပါတယ်။ ကိုယ့်မှာပရိသတ်တွေ ရှိတယ်ဆိုပြီး စသိတဲ့အချိန်ကတည်းက အနုပညာကိုရူးရူးသွပ်သွပ် နဲ့ ကြိုးစားခဲ့တဲ့အတွက် ကြောင့်လည်း အခုလိုမျိုး အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်’လို့ သူမက ပြောပြသွားခဲ့ပါတယ်။
အကယ်ဒမီ ဆုကြေးငွေတွေကို အလှူအတန်းပြု လုပ်သွားမယ်ဆိုတဲ့ အကယ်ဒမီယွန်းယွန်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။