ကျွန်ုပ်တို့မှတ်မိသလောက်တော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပြတ်လိုက် ၊ ဆက်လိုက် ပါပဲ။ ပြီးခဲ့တဲ့ နယူးရီးယားကစလို့ သူတို့နှစ်ယောက်ဟာ ပြန်တွဲနေကြပုံပါပဲ။
အသက်(၁၉)နှစ်ရှိပြီဖြစ်တဲ့ ကနေဒီယံသားလေးရဲ့ Instagram ကနေပြီး ဒီပုံကို ပြန်တွေ့လိုက်ရ ချိန်မှာတော့ ဒီစုံတွဲဟာ သူတို့ရဲ့ အချစ်မီးတောက်လေးကို နောက်တစ်ကြိမ် ပြန်လည် ထွန်းညှိချင်နေပုံပါပဲ။
ဆယ်ကျော်သက် အဆိုကျော်လေးဟာ အသက် (၂၁)နှစ်ရှိပြီဖြစ်တဲ့ Gomez နဲ့ပုံတွေကို ပြီးခဲ့တဲ့ စနေနေ့ကတင်ခဲ့ပါတယ်။ သူမဟာ ကောင်လေးရဲ့ပုခုံးပေါ်မှာမှီထားပြီး သူမရဲ့ လက်တွေကတော့ သူ့လည်ပင်းနားတ၀ိုက်မှာရှိနေပြီး သူ့ကိုစိုက်ကြည့်နေပါတယ်။
ဒါကို Bieber က “Love the way you look at me” ဆိုပြီး ဓါတ်ပုံမှာ ရေးတင်ခဲ့ပါတယ်။ ဓါတ်ပုံနဲ့လိုက်ဖက်တဲ့ အရေးသားတစ်ခုပါပဲ။
သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလကတည်းက ကွဲသွားခဲ့ကြတာပါ။ သူတို့နှစ်ဦး ကတော့ သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ရှိုးတိုးရှုန့်တန့် ဖြစ်နေကြပေမယ့် ပရိသတ်တွေကတော့ ဒီပုံကိုကြည့်ပြီး အခြေခံအားဖြင့်တော့ ပြန်လည် OK နေကြပြီလို့ ယူဆနေကြပါတယ်။
Ref:herworldplus