ရီဟားနားကို James Bond ဇာတ်ကားသစ်မှာ မြင်တွေ့ရမှာလား

nrm_1411391438-454827214.jpg

ရီဟားနားကတော့  Bond 24 မှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တင်ဆက်ဖို့ ရှိနိုင်ပါတယ်။ “Umbrella” သီချင်းရဲ့ အဆိုရှင်ရီဟားနားကို Daniel Craig နဲ့အတူ ထွက်ရှိလာမယ့် James Bond ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ထုတ်လုပ်သူတွေ ချဉ်းကပ်ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ The Sunday Mirror သတင်းမှာ ဖော်ပြထားပါတယ်။

Bond 24 ကို ဒီဇင်ဘာ ၆ ရက်မှာ စတင်ရိုက်ကူးဖို့မျှော်လင့်ထားပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ဒီဇာတ်ကားထွက်ရှိဖို့ စီစဉ်ထားပါတယ်။ Skyfall နဲ့ ရှေ့ဆင့်နောက်ဆင့်ဖြစ်တဲ့ ဒါရိုက်တာ Sam Mendes ရဲ့ အနုပညာဖန်တီးမှုဖြစ်သလို ဒီဇာတ်ကားမှာ  Daniel Craig ကိုတော့ သူလျိုတစ်ဦးအဖြစ် တွေ့မြင်ရမှာဖြစ်တယ်။ Hoyte van Hoyte က Bond 24 ရဲ့ ရိုက်ကူးသူအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်။

ရီဟားနားကတော့ Ray Rice ပြည်တွင်းအလွဲသုံးစားမှု လုပ်ရပ်ဖြစ်ပွားပြီးနောက် Baltimore Ravens နဲ့ Pittsburgh Steelers ရဲ့ NFL ပြိုင်ပွဲယှဉ်ပြိုင်မှုအတွင်း သူမရဲ့သီချင်းတစ်ပုဒ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်အတွက် CBS ကို မကြာသေးမီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Source: cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.