လူကြားထဲမှာ အများနဲ့မတူဘဲ ခပ်မိုက်မိုက်အထာနဲ့ ဂေါ်ချင်သူတွေအတွက် ဒီမှာ အကြံဥာဏ်တစ်ချို့လာပါပြီ။ အ၀တ်အစားနဲ့ တွဲဖက်ပြင်ဆင်သင့်တဲ့ မိတ်ကပ်လိမ်းချယ်နည်း အချို့ပါ။
(၁) ဒီ Polk Dot ဂျက်ကက်ကတော့ နှုတ်ခမ်းနီ အနီရဲရဲတစ်စုံနဲ့ လိုက်ဖက်ပါတယ်။ ဒီပုံစံကို ကျောင်း/ရုံးတက်ရာမှာ ပထမရက်ကနေ သီတင်းပါတ်ကုန်တဲ့အထိ ဆင်မြန်းပေမယ့် ရိုးမသွားနိုင်ပါဘူး။
(၂) အခုလို ပိုးသားဂါဝန်တစ်စုံဝတ်ဆင်တော့မယ်ဆိုရင် အိုင်းလိုင်နာအရည်နဲ့ မျက်လုံးကို ခပ်ပါးပါးဘောင်ခတ်လိုက်ပြီး မျက်ခွံတွေကို တလက်လက် တောက်ပနေစေဖို့ အသားပေးချယ်သသွားပါ။ ဒီဂန၀င်ဆန်တဲ့အသွင်အပြင်က ပါတီပွဲတက်ဖို့အတွက် အဆင်သင့်ဖြစ်နေစေပါတယ်။
(၃) ပါးလွှာပြီး ကပိုကရိုဆန်တဲ့ ဆွယ်တာရှည်လေးတွေဝတ်ဆင်တာက ရိုးပေမယ့် ပြည့်စုံပါတယ်။ ဒီ့ထက်ပိုပြီး အရောင်အသွေးစုံချင်တယ်ဆိုရင်တော့ ခရမ်းရောင် လိုင်နာနဲ့ ခရမ်းရောင် မျက်တောင်ကော့ဆေးတစ်စုံကို ထပ်ပေါင်းထည့်လိုက်ပါ။ မီးခိုးရောင်ဆွယ်တာပါးနဲ့ လိုက်ဖက်တဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။
(၄) အသဲပုံစတစ်ကာနဲ့ ဂျင်းဘောင်းဘီရှည်ကတော့ ဂေါ်နိုင်သမျှ ဂေါ်လို့ရမယ့် ၀တ်ဆင် နည်းတစ်ခုပါပဲ။ မိတ်ကပ်ချယ်ရာမှာ ပါးနီထင်းထင်းလေးနဲ့ မျက်တောင်တု ခပ်နက်နက်တစ်စုံသာပေါင်းထည့်လိုက်ပါ။ အလွန် ဆက်စီကျတဲ့အထာဖြစ်သွားမှာ ကျိန်းသေပါတယ်။
(၅) သားရေ လက်ရှည်နဲ့ ခေါင်းစွပ်အကျီက အအေးဒဏ်ကိုကာကွယ်နိုင်သလို ခေတ်ရှေ့ပြေး ဒီဇိုင်းတစ်ခုလဲဖြစ်ပါတယ်။ သူနဲ့တွဲဖက်ဖို့အကောင်းဆုံးကတော့ ထူပြီး နက်မှောင်နေတဲ့ အိုင်းလိုင်နာချယ်သနည်းဖြစ်ပြီး မျက်ဝန်းနက်နက်တစ်စုံက ဒီအကျီကို အားဖြည့်ပေးပါလိမ့်မယ်။
အ၀တ်အစားနဲ့ မိတ်ကပ် တွဲဖက်ပြင်ဆင်ရခက်နေသူအချို့အတွက် ဒီလျှို့ဝှက်ချက် လေးအချို့ကို အသုံးချပြင်ဆင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
Ref:Seventeen
ထက်ဆု