လူရယ်လို့ဖြစ်လာရင် အသိုင်းအ၀န်းနဲ့ဝေးကွာလို့မရသလို ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် သူငယ်ချင်းကောင်း တစ်ယောက်လောက်တော့ လိုအပ်မှာပါ။ သူငယ်ချင်းကောင်း ဆိုတာကလဲ ရွှေထက်တောင် ရှားပါးနေပြီလို့ ဆိုရမလောက်ပါပဲ။
Best Friend Forever ဆိုတဲ့ စကားရဲ့ အကျိုးသက်ရောက်မှုက နာမည်ကျော်တွေ အပေါ်မှာတောင် အတော်လေးလွှမ်းမိုးမှုရှိပါတယ်။ ဒီအကြောင်းကိုတော့ ကမ္ဘာ့နာမည်ကြီး celebrities တွေရဲ့ ပုံရိပ်အချို့နဲ့ ဖော်ပြပေးပါဦးမယ်။
(၁) Selena Gomez and Katy Perry
ဒီပေါ့ပ်စတားနှစ်ဦးကတော့ သူငယ်ချင်းဆိုတာထက် ညီအစ်မအရင်းအချာ နှစ်ဦးလိုမျိုးဆိုရင် ပိုမှန်ပါလိမ့်မယ်။ Selena က “Katy ဟာ ကျွန်မကို အကြံဥာဏ်ကောင်းတွေ ပေးနေတဲ့ အစ်မကြီးတစ်ယောက်လိုပါပဲ” လို့တောင် ပြောပါတယ်။
(၂) Jennette McCurdy and Ariana Grande
သူတို့နှစ်ဦးက ပရိသတ်ရှေ့မှောက်မှာတင် တွေ့နိုင်တဲ့ အဖွဲ့မဟုတ်ပါဘူး။ တကယ့်ဘ၀မှာလည်း သူငယ်ချင်းကောင်းအစစ်တွေပါတဲ့။ Twitter တို့လိုမျိုး လူမှုရေးဝက်ဘ်ဆိုဒ် တွေမှာ တစ်ဦးအပေါ် တစ်ဦး အထောက်အကူဖြစ်မယ့် အရေးအသားတွေနဲ့ တစ်ဦးအကျိုးအတွက် တစ်ဦး အမြဲအဆင်သင့် ရှိနေသူတွေပါ။
(၃) Kelly Osbourne and Miley Cyrus
ဒီနှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦး ကာကွယ်ဖို့ အသင့်ရှိနေသူတွေပါ။ မီဒီယာတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ အဖျက်သဘောဆောင်တဲ့ ကောလဟာလတွေ ထွက်ပေါ်လာတိုင်းမှာ တစ်ဦးအတွက်တစ်ဦး ကာကွယ်ချေပရေးသားချက် များစွာကို Twitter မှာ အမြဲတွေ့မြင်ရလေ့ ရှိပါတယ်။
(၄) Taylor Swift and Selena Gomez
မီဂါ စတားနှစ်ယောက်ကတော့ ရှော့ပင်းထွက်တာတွေ ၊ ကော်ဖီသောက်ဖို့ ချိန်းတာတွေအပြင် တစ်ဦးရဲ့ ရှိုးမှာ တစ်ဦးကို အလေးအနက်ဖိတ်ရလောက်တဲ့အထိ ရင်းနှီးထားသူ တွေပါ။ သူတို့နှစ်ဦးလောက် ဘက်ညီသူ မရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။
(၅) Katy Perry and Rihana
အဆိုရော သရုပ်ဆောင်မှုအပိုင်းမှာ ထူးချွန်တဲ့ ဒီအမျိုးသမီးနှစ်ယောက်ကတော့ idea လေးတွေ တော်တော်တူကြတာ တွေ့ရပါတယ်။ အလည်အပတ်ခရီး အတူထွက်တယ်။ ရှိုး အတူတူ တက်တယ်။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခပ်ကြောင်ကြောင် ဖက်ရှင် idea ဆန်းတွေ အပြန်အလှန် ပေးနေကြမှာလည်း မလွဲပါဘူး။
(၆) Justin Bieber and Jaden Smith
သူငယ်ချင်းကောင်းလို့ဆိုရင်တော့ သူတို့နှစ်ဦးကို ချန်ထားခဲ့လို့မရပါဘူး။ Hollywood မှာ ရှိတဲ့ အခြားသူတွေအားလုံးထက် ပိုတဲ့ ညီအစ်ကိုသံယောဇဉ်မျိုးရှိပါတယ်။ သူတို့တွေ အလုပ်မရှုပ်ကြဘူးဆိုရင် စင်ပေါ်မှာ အတူ သရုပ်ဆောင်ကြတယ်။ Jaden အနေနဲ့ Justin’s ရဲ့ သီချင်းတွေမှာ featuring ဆိုတားထာလဲ တွေ့ကြမှာပါ။
ဒီပုံတွေကြည့်ရင်း သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားတတ်လာပြီး သူတို့အတွက်လည်း အချိန်ပိုပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။
Ref: Seventeen