ဆောင်းဦးဖက်ရှင်

1375025_418901374898370_1145916755_n.jpg

မိုးကုန်လို့ ဆောင်းကူးနေပြီဖြစ်တာကြောင့် မနက်အစောပိုင်းနဲ့ ညနေစောင်းပိုင်းတွေမှာ အနည်းငယ် ချမ်းစိမ့်စိမ့်လေးတော့ ခံစားမိနေကြပြီပေါ့။

ရန်ကုန်ဆောင်းရဲ့ အအေးဒဏ်က သိပ်မကြမ်းတာကြောင့် တစ်ထည်တည်း ထပ်ဝတ်ထားရုံနဲ့ အဆင်ပြေနိုင်တဲ့ Pull over လေးတွေ၊ ဆွယ်တာပါးလေးတွေလောက်နဲ့တင် တော်တော်အထာကျ နေပါပြီ။ ဒါကြောင့် နောက်ဆုံးဒီဇိုင်းဆန်းလေးတွေက အမိုက်စားတစ်ချို့နဲ့ မိတ်ဆက်ပေးပါမယ်။

(၁)     Leopard Print ဒီဇိုင်းပါ။ ချည်သား ဆွယ်တာရှပ်ပုံစံဖြစ်ပြီး အပေအတေခံတဲ့ အရောင်ရင့်တွေ သုံးထားပါတယ်။ အောက်က ဘောင်းဘီအနက်ရောင်နဲ့ တွဲပြီးဝတ်ဆင်ကြည့်ပါ။

(၂)     Bold Stripes လို့အမည်ပေးထားပြီး အနက်ရောင်စင်း အပြားခပ်ကြီးကြီးနဲ့ ဒီဇိုင်းဖော်ထားပါတယ်။ sport အသွင် နည်းနည်းဆန်တာကြောင့် အမျိုးသားများလည်း ရွေးချယ် ၀တ်ဆင်နိုင်ပါတယ်။

(၃)     Studded လို့ခေါ်တဲ့ ဒီဆွယ်တာကတော့ သံမှိုဆိုဒ်စုံနဲ့ အလှဆင်ထားပါတယ်။ အီမိုနဲ့ ပန့်ခ်စတိုင်နှစ်သက်သူများ ရွေးချယ်နိုင်ပြီး ကျား/မ နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်။

(၄)     Puffy Paint ပါတဲ့။ cute စတိုင်နှစ်သက်သူများနဲ့ ကျောင်းသား/သူတွေ မနက်ခင်း ကျောင်းသွားရင်း ၀တ်ဆင်ဖို့ အဆင်ပြေနိုင်ပါလိမ့်မယ်။

(၅)     Sporty Florals ဆိုတဲ့ သူ့နာမည်အတိုင်းပဲ အားကစားနဲ့ အပွင့်ရိုက်စတိုင် နှစ်မျိုးကို ပေါင်းစပ်ထားတာပါ။ သိပ်ပြီး မိန်းမဆန်ချင်သူတွေ အတွက် တော်တော်များများမှာ မတွေ့နိုင်တဲ့ ဒီဇိုင်းဆန်းဆိုတာတော့ သေချာပါတယ်။

(၆)     Graphic Comic Print လို့ အမည်ပေးထားပါတယ်။ Graphic ဒီဇိုင်းဆန်းကတော့ ရေလည်လန်းတယ်နော်။

(၇)     အပွင့် ၊ အကွက်တွေ မနှစ်သက်သူတွေအတွက် ခပ်ကဲကဲစာသားလေးတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဒီဆွယ်တာမျိုးတွေကိုတော့ Flirty Sayings လို့ ခေါ်ပါတယ်။

(၈)     Sequined Animal Graphic တဲ့။ တိရိစ္ဆာန်ပုံလေးတွေကို စီးကွင့်လေးတွေနဲ့ ပုံဖော်ထားတဲ့ ခပ်ဆန်းဆန်း ဒီဇိုင်းလေးပါ။

ဖက်ရှင်ချစ်သူများ အတွက် အခုဖော်ပြပေးခဲ့တဲ့ ဆွယ်တာလေးတွေက ဒီဆောင်းတွင်းကို စတိုင်ကျကျ ဖြတ်သန်းဖို့ အထောက်အကူပေးနိုင်မယ် မျှော်လင့်ပါတယ်။

Ref:seventeen

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.