Candy Crush ကိုစွဲစွဲလမ်းလမ်း ကစားခဲ့တဲ့ Gamer တွေအတွက် မဖြစ်မနေကစားရမယ့် Game ငါးမျိုး

Bejeweled Blitz.jpg

သင်ဟာ မရေတွက်နိုင်တဲ့ နာရီပေါင်းများစွာကို Candy Crush နဲ့ ဖြတ်သန်းလာခဲ့သူ တစ်ယောက်ဖြစ်ပြီး game အသစ်တွေကို အမြဲရှာဖွေနေတတ်သူ တစ်ယောက်ဆိုရင်တော့သင့်အတွက်  game အသစ် ၅မျိုးနဲ့မိတ်ဆက်ပေးပါမယ်။

၁။    Bejeweled Blitz

သင်ဟာ ဒီ Game နဲ့ ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလို Game အမျိုးစားတူတွေရဲ့ ဖခင် လို့တောင် ဆိုလို့ရမယ်ထင်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းကပေါ်ခဲ့တဲ့ ပထမဆုံး Candy Crush Game စစ်စစ်ဖြစ်ပါတယ်။ ခေတ်သစ်ရဲ့အစောဆုံးပေါ်တဲ့ အမြင်ရိုးရှင်းပြီး တကယ်တမ်းမှာ ဆော့ရတာခက်ခဲတဲ့ ဒီ Game ဟာ သင့်ကိုနာရီပေါင်းများစွာ ဆွဲဆောင်ထားနိုင်မှာဖြစ်ပါတယ်။ ဒီ Game ရဲ့ မကြာသေးမီကထွက်ရှိခဲ့တဲ့ Version ဟာအဲဒီ့ဆွဲဆောင်နိုင်မှုကို နောက်တစ်ဆင့် မြှင့်ပေးလိုက်ပါတယ်။  Candy Crush နဲ့ ကစားပုံစည်းကမ်းတွေတူပေမယ့် ဆန်းသစ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ add-on တွေ လက်နက်တွေ၊ ဖေါက်ခွဲရေးကိရိယာတွေနဲ့ ခြားနားပြီး နှစ်သက်စရာ ကောင်းတဲ့အရာတွေ ပါဝင်ပါတယ်။

၂။    Color Zen

Game တွေဟာ များသောအားဖြင့် အချိန်ကုန်အကျိုးမဲ့ပြီး သင့်ရဲ့ဦးနှောက်နဲ့ smart phone တွေကိုထိခိုက်စေတတ်ပါတယ်။ Game တွေဆော့ရင်းနဲ့စိတ်ကျဉ်းကျပ်မှုတွေ ခံစားနေပြီး စိတ်ရဲ့ငြိမ်းချမ်းမှုရလိုသူတွေအတွက် Color Zen က သာယာတဲ့ခံစားမှုမျိုးကိုပေးနိုင်မှာပါ။ အမျိုးအစားစုံလင်တဲ့ဒီ Color Zen မှာ  leve တစ်ခုအောင်ဖို့အတွက်  pattern အမျိုးမျိုးမှာ အရောင်တူတွေတွဲပေးရတဲ့ ရိုးရှင်းGame ပါ။ ဒါပေမဲ့ဒီGame ကို ကောင်းကောင်း ကစားနားလည်နိုင်ဖို့အတွက် သေသေချာချာ ကစားကြည့်ဖို့တော့လိုပါလိမ့်မယ်။ Color Zen ရဲ့ နှစ်သက်စရာ အရောင်အဆင်းတွေနဲ့ ငြိမ့်ညောင်းတဲ့ ဂီတသံတွေက ကစားသူတွေကို စိတ်ပါဝင်စားမှုရှိစေမှာ အသေအချာပါပဲ။

၃။    Doodle Find

သင်ဟာ အလွန်နည်းပါးတဲ့သင့်ရဲ့အားလပ်ချိန်အတွင်း Game အတွက် အနည်းငယ်အချိန်ပေးပြီး စိတ်အပန်းဖြေမယ့် သူတစ်ယောက်ဆိုရင်တော့ သင်ရှာနေတဲ့ Gam က  Doodle Find ဆိုတာ သေချာပါတယ်။ တောက်ပပြီး ချစ်စရာကောင်းတဲ့ ဒီGame ဟာ ၉၀ စက္ကန့်ကြာတဲ့ အချိန်အတွင်း အမျိုးအစားတူတွေရှာပေးရတာဖြစ်ပါတယ်။ ရှုပ်ထွေးနေတဲ့ screen ပေါ်မှာပြထားတဲ့item တွေကို အတိအကျ အမျိုးအစားခွဲခြားရမှာဖြစ်ပါတယ်။ ဒီမြန်နှုန်းမြင့်တဲ့ Gameဟာ သင့်ကို သင့်တော်တဲ့ အဒရီနလင် ပမာဏပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ် လမ်းခရီးသွားနေတုန်းပဲဖြစ်ဖြစ် အပျင်းပြေကစားလို့ကောင်းတဲ့ Game ဖြစ်ပါတယ်။

၎။    Puzzle and Dragons

မြေအောက်အကျဉ်းခန်းတွေ၊ နဂါးတွေနဲ့ Pokemon game တွေနှစ်သက်တဲ့သူတွေအတွက် သင့်တော်တဲ့ Game ပါ။Candy Crush  မှာသုံးတဲ့နည်းစနစ်တွေကိုအသုံးပြု၊ နဂါးတွေကိုဖမ်းပြီး ယဉ်ပါးအောင်လုပ်ရမှာပါ။ သင်လုပ်ရမှာတော့အမျိုးအစားတူတဲ့ orb အလုံးတွေကိုစီပြီး ရန်သူကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့နဂါး ၇၀၀ ကျော်စုဆောင်းပြီးကစားနိုင်တဲ့အချက်က သင့်ကိုစွဲစွဲလမ်းလမ်း ကစားစေမှာဖြစ်ပါတယ်။

၅။      The Heist

ဒီGame မှာတော့ သင်ဟာ အခန်းတွေကိုဖျက်ဆီးပြီး အထဲကပစ္စည်းကို ခိုးယူရမှာဖြစ်ပါတယ်။ အလွန် လွယ်ကူတဲ့ ပြဿနာတွေဖြေရှင်းရမှာဖြစ်သလို ဦးနှောက်ခြောက်စေနိုင်တဲ့ ပဟေဠိတွေလည်း ပါဝင်ပါတယ်။ဒီGame ကိုကစားနေတဲ့အခါမှာ သင်ဟာ ရာဇ၀တ်မှုတစ်ခုရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့  ဥာဏ်ကြီးရှင် တစ်ယောက်လို ခံစားရမှာဖြစ်ပါတယ်။

(Ref: mensxp)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.