ဘော်လ်တန်မြို့သား လက်ဝှေ့သမားအေမာခမ်းက မိမိအနေဖြင့် ရှုံးပွဲမရှိသေးသူ ဖလွိုက်ဒ်မေ၀ဲသာနှင့်ထိုး
သတ်ခွင့်ရရန် မစောင့်နိုင်အောင်ဖြစ်လျက်ရှိကြောင်း သိရသည်။ အေမာခမ်း၏ကိုယ်စားလှယ်အဖွဲ့မှာ မေ၀ဲသာ၏ကိုယ် စားလှယ်များနှင့် တွေ့ဆုံကာ ပွဲဖြစ်မြောက်ရေးအတွက် ညှိနှိုင်းနေကြဆဲဖြစ်ပြီး ရက်အတိအကျသတ်မှတ် နိုင်ခြင်းမရှိသေးပေ။ “ဖလွိုက်ဒ်လို လက်ဝှေ့သမားကိုရင်ဆိုင်ဖို့ဆိုရင် သူ့ရဲ့နည်းစနစ်အတိုင်း ပြန်ထိုးမှပဲ ရမယ်ထင်တယ်။ သူ့လိုမြန်ဆန်ရမယ်။ ခြေအနုတ်အသိမ်းတွေ သွက်လက်နေရမယ်။ သူနဲ့ထိုးရမယ့်ပွဲကို ကျွန်တော်အရမ်းနှစ်သက်မှာပါ။ တကယ့်ကို ထူးခြားတဲ့ပွဲကောင်းဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့နှစ်ဖက်စ လုံးလိုအပ်တာတွေကို ဆွေးနွေးနေကြတုန်းပဲ။ အမြန်ဆုံးအကောင်အထည်ပေါ်လာခဲ့ရင်တော့ အကောင်း ဆုံးပေါ့ဗျာ”ဟု အေမာခမ်းကပြောခဲ့သည် ။ အေမာခမ်းနောက်ဆုံးထိုးသတ်ခဲ့သော ပွဲမှာ မက္ကဆီကိုလက်ဝှေ့ သမားဂျူလီယိုဒီယာ့ဇ်နှင့်ပွဲဖြစ်ပြီး အေမာခမ်းက အမှတ်ဖြင့်အနိုင်ခဲ့သည်။ ထိုပွဲမတိုင်ခင်WBAစူပါလိုက်ဟဲဗီး ၀ိတ်ချန်ပီယံဆုအတွက် အမေရိကန်လက်ဝှေ့သမား ကားလို့စ်မိုလီနာနှင့် လော့စ်အိန်းဂျလိစ်မြို့တွင် ထိုးခဲ့ရာ တွင်လည်း အလဲထိုးဖြင့် အနိုင်ရရှိထားသူဖြစ်သည်။ အတည်မပြုနိုင်သေးသော သတင်းများအရဆိုလျှင် အေ မာခမ်းနှင့် ဖလွိုက်ဒ်မေ၀ဲသာတို့၏ ပွဲစဉ်အား ၂၀၁၄ခုနှစ်၊ မေလ(၃)ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်းသိရှိ ရသည်။ ထိုသတင်းကို နှစ်ဖက်စလုံးမှ ယခုတိုင်အတည်မပြုကြသေးပေ။
ဖလွိုက်မေ၀ဲသာနှင့် အလွန်ထိုးသတ်လိုနေသည့် ဘော်လ်တန်သားလက်ဝှေ့သမား အေမာခမ်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။