၂၀၁၅ထိအနုပညာအလုပ်တွေလုပ်ပြီး ၂၀၁၅ နောက်ပိုင်း စီးပွားရေးလုပ်ဖို့ ရှိတယ်လို့ဆိုလာတဲ့ ချမ်းချမ်း

dsc_5186_resize.jpg

လတ်တလောမှာ အိမ်ထောင်ကျပြီးမှ ပိုလှလာတဲ့ အဆိုတော်ချမ်းချမ်းက ‘အစ်မအခု အချစ်ထက်မက ဆိုတဲ့ အမ်တီဗီရိုက်ဖို့ရှိတယ်။ ကြော်ငြာသီချင်းလေးတွေသွင်းဖို့ရှိတယ်။ အိမ်ထောင်ကျပြီးမှ အစ်မအတွက်ပြောင်းလဲလာတာက အရင်ကထက်ပိုပြီး သည်းခံတတ်သွားတယ်။ စာနာတတ်သွားတယ်။ အရင်ကဆို ကိုယ့်စိတ်ကိုဦးစားပေးတယ်။ ရန်ဖြစ်ပြီးသွားရင်လဲပြန်မခေါ်ဘူး။ အခုကျတော့ အရမ်းအလျှော့ပေးတတ်တယ်ဆိုတာက မိသားစုတစ်ခုဖြစ်လာပြီဆိုရင်နောင်လာမဲ့ မျိုးဆက်သစ်တွေကို မကြိုဆိုခင်မှာ ကိုယ်ကရှေ့ကနေစံပြဖြစ်နေရမယ်။ အစ်မရဲ့ လာမယ့် မျိုးဆက်သစ်အတွက်ရော အစ်မရဲ့ ပရိသတ်အတွက်ရော အစ်မ ပြောင်းလဲမှုလေးတွေလုပ်ထားတယ်။ ကလေးကတော့ လိုချင်တယ်။ ဒါပေမဲ့ ဘုရားပေးသလောက်၊ဘုရားပေးမဲ့အချိန်ပေါ့နော်။ ဘယ်အချိန်မှယူမယ်ဆိုပြီးကန့်သတ်ထားတာတော့မရှိပါဘူး။ စီးပွားရေးလဲလုပ်ဖို့ရှိတယ်။ ၂၀၁၅ထိ အနုပညာအလုပ်တွေကို ဆက်လုပ်ပြီး ၂၀၁၅နောက်ပိုင်းမှာတော့အစ်မစီးပွားရေးလုပ်ဖို့ ရှိတယ်။ အနုပညာနဲ့ပတ်သတ်ပြီးသီချင်းကို ဆိုတာတော့ဆိုမယ်။ အရင်ကလိုပွဲတိုင်းတော့ လိုက်ဆိုဖြစ်တော့မှာ မဟုတ်ဘူး။ အစ်မနဲ့ခင်တဲ့ပွဲမျိုး၊ နောက်ပြီးပွဲကြီးတွေလောက်ပဲ လိုက်ဆိုဖြစ်တော့မယ်။ အရင်ကလို ဟိုပြေး၊ဒီပြေးလိုက်ဆိုဖို့က ၂၀၁၅နောက်ပိုင်းမှာတော့ မဖြစ်နိုင်တော့ဘူး။ အစ်မရဲ့ သားသမီးတွေ၊ အစ်မရဲ့ မျိုးဆက်သစ်တွေအတွက် အချိန်ပေးရမှာဖြစ်တဲ့အတွက် ပေါ့နော်။ ပြီးတော့ အစ်မထင်တယ်။ အနုပညာဆိုတာက အချိန်အပိုင်းအခြားနဲ့လဲဆိုင်တယ်။ အဲဒီအချိန်မှာ အစ်မကအသက်ကြီးလာတော့မှာဖြစ်တဲ့အတွက် အစ်မရဲ့ မျိုးဆက်သစ်တွေအတွက် သူတို့ကိုအကျိုးပြုနိုင်မယ့် ထုတ်လုပ်ရေးထောင်ဖို့ရှိတယ်။ အစားအသောက်နဲ့ပတ်သတ်တဲ့ စီးပွားရေးတစ်ခုခုလုပ်ဖို့ရှိတယ်။ အစ်မတို့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးထွေထွေထူးထူးတော့ပြောစရာမရှိပါဘူး။ ကိုယ်နဲ့အသွင်တူလို့အိမ်သူဖြစ်လာတဲ့အတွက် အားနည်းချက်၊အားသာချက်ကတော့ လူတိုင်းမှာရှိမှာပါပဲ။ အခုနောက်ပိုင်းမှာ တည်ထောင်ထားတဲ့မိသားစုဘ၀ကိုမပြိုကွဲအောင်၊ သာယာအောင်လုပ်ဖို့က အစ်မတို့တာဝန်ပဲလေ။ အားလုံးကိုညှိယူပြီးနေထိုင်ပါတယ်။ အစ်မတို့က အတူတူနေတာကလွဲလို့ ရည်းစားဘ၀လိုပါပဲ။ဘာမှမကွာခြားဘူး။ တခါတလေမတွေ့ဖြစ်ဘူး။ သူလဲသူ့အလုပ်သူလုပ်၊ ကိုယ်လဲကိုယ့်အလုပ်ကိုယ်လုပ်တဲ့အတွက် တခါတလေ ထမင်းတောင်အတူမစားဖြစ်ဘူး။ အမြဲတမ်းချစ်ဖို့ဆိုတာက ရည်းစားလိုနေမှအမြဲတမ်းချစ်မှာလေ။ အိမ်ထောင်ကျသွားပြီဆိုပြီး ကိုယ့်စိတ်ကို လျှော့ချလိုက်ရင်အဲဒီအိမ်ထောင်က ပြိုကွဲမှာပဲ။ အဲဒီအတွက်ရည်းစားလိုပဲနေတယ်။ ရည်းစားလိုပဲချစ်တယ။် သူလဲသွားစရာရှိသွားတယ်။ လာစရာရှိလာတယ်။ တစ်အိမ်ထဲမှာ အတူတူနေတာကလွဲလို့ ကျန်တာကတော့ ထုံးစံအတိုင်းပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ ပရိသတ်ကြီးကိုပြောချင်တာကတော့ အစ်မကိုအားပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာလဲ အစ်မအခွေလေးတွေ ထွက်ဖို့ရှိပါတယ်။ အစ်မရဲ့ထွက်ရှိလာမယ့် တတိယအခွေလေးကိုလဲ အားပေးကြပါလို့။ အစ်မပွဲတွေကိုလဲလာရောက်အားပေးကြပါဦး’လို့ ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.