Kelly Clarkson ရဲ့ ပထမဆုံးသော ခရစ်စမတ်တေးအယ်လ်ဘမ်

kelly_clarkson_wrapped_in_red_cover.jpg

              RCA တေးသံသွင်းကနေ အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၃မှာ ဖြန့်ချိခဲ့ပါတယ်။ သူမဟာ ပရိုဂျူဆာ Gred Kurstin နဲ့ ခေတ်ပေါ် ခရစ်စမတ် ရေးသားချက်အကြောင်းအရာတွေရဖို့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ခဲ့ပါတယ်။

              CMT radio ရဲ့ အင်တာဗျူးတစ်ခုမှာ သူမအနေနဲ့ ခရစ်စမတ်အယ်လ်ဘမ် အသံသွင်းဖို့ကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီးပါပြီတဲ့။ သူမဟာ ၂၀၁၂ခုနှစ် ခရစ်စမတ် ကာလလောက်ကတည်းက မူရင်းစာသားတွေကို စတင်ရေးသားနေခဲ့ပြီးတော့ အဲ့ဒီနှစ် နောက်ပိုင်းလောက်တွေမှာ စတင်အသံသွင်းနေခဲ့ပါပြီ။ Clarkson ဟာ ၂၀၁၁ခုနှစ်တုန်းက သူမရဲ့ Hit သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ “Stronger” သီချင်းမှာ အတူတွဲလုပ်ခဲ့ဖူးတဲ့ “Greg Kurstin နဲ့ ဒီအယ်လ်ဘမ်ထဲမှာ အတော်များများကို တွဲလုပ်ထားတာ တွေ့ရပါတယ်။

              နာမည်ကျော် အဆိုတော် တော်တော်များများကိုလည်း သူမနဲ့တွဲဆိုဖို့ ဒီအယ်လ်ဘမ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားတာ တွေ့ရပါတယ်။ “Baby, It’s Cold Outside” ဆိုတဲ့ သီချင်းမှာလဲ ကန်းထရီးအဆိုကျော် “Ronnie Dunn” က Featuring အနေနဲ့ ပါဝင်သီဆိုမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။ သူမရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Because of You” သီချင်း duet versionမှာ အတူတွဲဆိုထားတဲ့ ကန်းထရီးအဆိုတော် “Reba McEntire” လည်းပါဝင်ပါတယ်။ “Silent Night” သီချင်း ကာဗာဗားရှင်းမှာလည်း Trisha Yearwood ပါဝင်သီဆိုထားပါတယ်။

          သီချင်းအားလုံး (၁၄)ပုဒ်ပါဝင်ပြီး “Carol of the Bells” သီချင်းက “Just for Now” သီချင်းနဲ့ “Silent Night” သီချင်းကြားမှာ hidden track အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Ref:wikipedia

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.