ယခုနှစ်အတွင်း ပထမဆုံး သုံးပွဲဆက်နိုင်သော်လည်း မန်ယူအောင်ပွဲမခံသေးဟု လ/ထနည်းပြပြော

news_b.jpg

Capital One ဖလားတွင် နော့ဝှစ်ခ်ျအသင်းအား (၄)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအနေဖြင့် ယခုနှစ် ဘောလုံးရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် (၃)ပွဲဆက်အနိုင်ရရှိခဲ့မှုကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်သော်လည်း နိုင်ပွဲများဆက်လက်ရယူရန်  လိုအပ်နေသေးသဖြင့် အောင်ပွဲမခံလိုသေးကြောင်း မန်ယူလက်ထောက်နည်း ပြ စတိဗ်ယောင်းက ပြောလာခဲ့သည်။ မန်ယူမှာ ချန်ပီယံလိဂ်တွင် ဆိုစိဒက်အားအနိုင်ရခဲ့ပြီးနောက် ပရီးမီးယား ပွဲစဉ်(၉)တွင် စတုတ်စီးတီးကို ဆက်လက်အနိုင်ယူခဲ့ပြီးနောက် ယခု နော့ဝှစ်ခ်ျအား ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ် သည်။ “ နိုင်ပွဲဆိုတာ မန်ယူရဲ့သင်္ကေတပါ။ အနိုင်ယူနိုင်တဲ့ ယုံကြည်ချက်လည်းရှိကြပါတယ်။ စနေနေ့က စတုတ်စီးတီးနဲ့ပွဲအပြီးမှာ ကြီးကြီးကျယ်ကျယ်အောင်ပွဲမခံခဲ့ကြသလို မနေ့ညကပွဲမှာလည်း ဒီအတိုင်းပါပဲ။ ဒီ ပုံစံအတိုင်းပဲ ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ လေးဂိုးပြတ်အနိုင်ရ ခြင်းဟာ ပျော်ရွှင်စရာဖြစ်သလို လူငယ်ကစားသမားများအတွက်လည်း အတွေ့အကြုံကောင်းတွေရရှိစေခဲ့ပါ တယ်။ ဇာဟာဆိုရင် ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ဒါက သူ့အတွက် ယုံကြည်မှုမြင့်မားလာစေမှာပါ။
ဂျန်နူဇက်ဆိုရင်လည်း နေရာအစုံမှာ ကစားနိုင်ခဲ့တယ်။ နံပါတ်(၇)လား၊ (၁၀)လား၊ (၁၁)လား၊ (၉)လား ဘယ် နေရာဖြစ်ဖြစ် သူကောင်းကောင်းကစားနိုင်တယ်ဆိုတာ သေချာပါတယ်။ သူ့လိုလူငယ်ကစားသမားလေးတွေ ကို အခွင့်အရေးပေးခြင်းအားဖြင့် အသင်းအတွက် အများကြီး အကျိုးရှိစေနိုင်ပါတယ်။”ဟု စတိဗ်ယောင်းက ပြောခဲ့ခြင်းဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.