YouTube ကြောင့်ကျော်ကြားလာခဲ့တဲ့အဆိုတော်တွေ

soulja-boy-Mark-Davis.jpg

အင်တာနက်ဟာ ဗီဒီယိုဖိုင်တွေကို အလွယ်တကူဝေငှလို့ရလာတဲ့အတွက် ဝေငှရေးမီဒီယာကြီးတစ်ခုဖြစ်လာပါတော့တယ်။ အထူးသဖြင့်ကိုယ်ပိုင်မူရင်း ဗီဒီယိုဖိုင်တွေကို YouTube မှာတင်ထားနိုင်ပြီးအသုံးပြုသူတိုင်းကတဆင့်ပြန်လည်ကြည့်ရှုလို့ရပါတယ်။ တချို့ရပ်ကျော်ရွာကျော်ပုဂ္ဂိုလ်တွေက သူတို့ရဲ့ဗီဒီယိုမှတ်တမ်းတွေက YouTube မှာတင်လိုက်ရာကတဆင့်အဆင့်ဆင့်ပျံ့နှံ့ကျော်ကြားသွားတော့တာပါပဲ။ ဒီတော့သူတို့တွေသိပ်နာမည်မကြီးခင်တုန်းကအချိန်လေးတွေကိုပြန်လည်ခံစား ကြည့်လိုက်ကြရအောင်။

Soulja Boy

သူဆိုနာမည်မကျော်ခင်ကဘာတွေလုပ်ခဲ့တုန်း။ သူ့ရဲ့ကိုယ်ပိုင့်သကွှကဘနလိုင်းလေးကိုလုပ်ယူခဲ့ပြီး အဲ့ဒီ့ကတစ်ဆင့်ကြည့်ရှုသူပေါင်း သန်းနဲ့ချီရှိလာအောင်ကြိုးစားခဲ့ပါတယ်။ Crank That သီချင်းကိုပညာရှင်ဆန်ဆန် MTV မရိုက်ကူးရသေးခင်တုန်းကသိပ်ပြီး ပြောင်ပြောင်မြောက်မြောက်မရှိလှတဲ့ကိုယ်တိုင်ရိုက်ဗီဒီယိုဖိုင်က YouTube မှာတင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်တော့သူ့ရဲ့ MTV ကကွက်တွေကကျော်ကြားပျံ့နှံ့သွားခဲ့တယ်။ ၂၀၀၇ခုနှစ်၊မတ်လမှာပထမဦးဆုံးဗားရှင်းကိုတင်ခဲ့ပြီး လအနည်းငယ်အကြာ Interscope တေးထုတ်လုပ်ရေးနဲ့စာချုပ်ချုပ်ဆိုခဲ့ရပါတယ်။ 

Justin Bieber

YouTube ကတဆင့်အောင်မြင်ခဲ့သူတွေအားလုံးထဲမှာသူဟာစံနမူနာပဲလို့ပြောရမှာပါပဲ။ ခုလိုရပ်ကျော်ရွာကျော်အောင်မြင်လာပြီး ချစ်ပရိသတ်တွေအများကြီးရလာတဲ့ Justin Bieber ဟာ သူ့ရဲ့ကိုယ်ပိုင်ဗီဒီယိုဖိုင်လေးကို YouTube မှာတင်ရာ က စခဲ့ရတာပါ။ အဲ့ဒီ့က တဆင့် သူ့ရဲ့ မန်နေဂျာ ဖြစ်လာမယ့် သူ Scooter Braun ရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ နုငယ် လှတဲ့ အသက်(၁၃)နှစ်အရွယ် Bieber ဟာ Usher ရဲ့တေးထုတ်လုပ်ရေးနဲ့စာချုပ်ချုပ်ဆိုခဲ့ရပါတယ်။ သူဟာ Twitter မှာလည်း Followers အများဆုံး ရရှိထားတဲ့သူတွေထဲကတစ်ယောက်ပါ။ ၂၀၁၂ခုနှစ်၊မေလမှာထုတ်ခဲ့တဲ့သူ့ရဲ့အယ်လ်ဘမ်ဟာလည်း အချပ်ရေ ၁၅သန်းကျော်ရောင်းချခဲ့ရပါတယ်။ မဆိုးပါဘူး။

Carly Rae Jepsen

YouTube မှာ Justin Bieber ကံစွပ်ခဲ့ပြီးတော Bieber ဟာ ကနေဒါနိုင်ငံသူအဆိုတော်မလေး Cary Rae Jepson ကိုလက်ဆင့်ကမ်းခဲ့ပါတယ်။ Cary Rae Jepson ဟာလည်း နိုင်ငံတကာထိပေါက်ခဲ့ပါတယ်။ Cary ရဲ့အပေါက်ဆုံးသီချင်းဖြစ်တဲ့ Call Me Maybe ကို Cary ဟာ YouTube ကတစ်ဆင့်ရှာတွေ့ခဲ့ပါတယ်။ Cary ရဲ့ဖျော်ဖြေမှုကို Bieber ဟာ twitter ကနေ share လုပ်ပြီး တဲ့နောက်မှာတော့ အဲ့ဒီ့သီချင်းဟာ အမေရိကန်ပေါ့ပ် အပတ်စဉ်ဇယားမှာ ထိပ်ဆုံးထိရောက်ပြီး ပေါက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ ဒီသီချင်းကိုလူအတော်များများကအသံကျယ်ကျယ်နဲ့ ဟစ်အော် သီဆိုနေကြပါပြီ။ Bieber ဟာ Carly Rae ကို ကနေဒါ မှာ သာမက ကမ္ဘာကျော် သွားအောင် ကူညီဖေးမ ပေးခဲ့သူဖြစ်ပါတယ်။

Greyson Chance

GreysonChanceဟာ Lady Gaga ရဲ့ Paparazzi သီချင်းကိုကျောင်းဂီတပွဲတော်မှာသီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေမှုကို Youtube ပေါ်တင်ခဲ့ပြီး ၂၀၁၀ခုနှစ် ဧပြီလက YouTube ပေါ်မှာတွေ့ခဲ့ရပါတယ်။ ဒီဗီဒီယိုဖိုင် ကိုကြည့်ရှုခဲ့သူ အရေအတွက်ဟာ ၂၀၁၃ခုနှစ်၊ဇွန်လလောက် မှာ သန်း၅၀ကျော် ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်၊အောက်တိုဘာလ မှာ ပွဲဦးထွက် လုံးချင်း ဖြစ်တဲ့ Waiting Outside the Lines ထွက်ရှိခဲ့ပြီး Ellen DeGeneres Show မှာဖျော်ဖြေပေးဖို့ဖိတ်ကြားခံခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ သူ့ရဲ့တတိယအယ်လ်ဘမ်ထွက်ရှိဖို့အသင့်ဖြစ်နေပါပြီ။

Rebecca Black

အသက်(၁၆)နှစ်အရွယ်ဖြစ်တဲ့ပေါ့ပ်အဆိုကျော်မလေးဟာ ၂၀၁၁ခုနှစ်မှာ Friday အမည်ရှိတဲ့လုံးချင်းထွက်ရှိခဲ့ပါတယ်။ မလိုမုန်းထား၊ ဝေဖန်ရေး comments တွေရှိခဲ့ပေမဲ့ ဒီဗီဒီယိုဟာ YouTube မှာပျံ့နှံ့ကျော်ကြားသွားခဲ့ပါတယ်။ တင်တင်ချင်း ပထမ ငါးလ လောက်မှာ ပဲ ကြည့်ရှုသ အရေအတွက် သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ 

ဒီနာမည်ကြီး အဆိုတော်တွေဟာ သူတို့ရဲ့ ကံနဲ့ဇ ကိုပေါင်းပြီး အထင်ကြီးလောက် တဲ့အောင်မြင်မှု အတိုင်းအတာတစ်ရပ် ကိုရရှိခဲ့ကြတာပါ။ နောက်ထပ လည်း YouTube ကတဆင့် ကံစွပ်ပြီး ဘယ်လို အနုပညာရှင် တွေ ထွက်ပေါ်လာမယ် ဆိုတာ ကို မျှော်လင့် လိုက်ကြရအောင်။ 

(Ref:celebs.answers)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.