အောက်တိုဘာ(၄)ရက်နေ့မှာထွက်ခဲ့တဲ့ Korn ရဲ့ The Paradigm Shift nu Metal band ဖြစ်တဲ့ Kornရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “The Paradigm Shift” ဟာ ရှစ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ ဒီအခွေကို အသံဖမ်းအင်ဂျင်နီယာ Don Gilmoreက တာဝန်ယူ အသံဖမ်းပေးခဲ့ပြီး အောက်တိုဘာလ၊ ၄ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၃ခုနှစ် “Take a Look in the Mirror” အယ်လ်ဘမ်ထွက်လာပြီးကတည်းက 'Korn’ အဖွဲ့မှာ မတီးဖြစ်တော့တဲ့ ဂီတာသမား Brian “Head” Welchဟာ ခုအခွေမှာပြန်ပြီး ပါဝင်တီးခတ်လာပါတယ်။ Caroline Recordsနဲ့ ပထမဆုံးစထုတ်ခဲ့တဲ့အခွေလည်း ဖြစ်ပါတယ်။
“Issues” နဲ့ “Untouchables” အယ်လ်ဘမ်တွေ ထုတ်ခဲ့တဲ့ကာလတုန်းက ဂီတပုံစံတွေဟာ ဒီအယ်လ်ဘမ်မှာလွှမ်းမိုးနေပါတယ်။ ခုသီချင်းတွေဟာ melodicပိုကျပြီးတော့ တစ်ချိန်တည်းမှာပဲ ရန်လိုတဲ့စိတ်တွေ ပိုပေါ်လွင်လာအောင် ဖွဲ့သီထားပါတယ်။
သီချင်းအားလုံးပေါင်း (၁၁)ပုဒ်ပါဝင်မှာဖြစ်ပြီး သီချင်းနာမည်တွေကတော့
၁။ Prey for Me
၂။ Love & Meth
၃။ Want We Do
၎။ Spike in My Veins
၅။ Mass Hysteria
၆။ Paranoid and Aroused
၇။ Never Never
၈။ Punishment Time
၉။ Lullaby for a Sadist
၁၀။ Victimized
၁၁။ It’s All Wrong စတာတွေပါပဲ။
(Ref:Wikipedia)