အမျိုးမျိုးပြောင်းလဲတပ်ဆင်နိုင်တဲ့ စမတ်ဖုန်း hardware platform (open), Project Ara

project-ara-smartphone-640x227.jpg

Open Source ဖြစ်တဲ့ hardware platformတစ်ခုကို နိုင်ငံပေါင်းစုံ ဆက်သွယ်ရေးကုမ္ပဏီ Motoralaက ချပြလိုက်ပါပြီ။ ဒီစီမံကိန်းကို Project Araလို့နာမည်ပေးထားပြီး စမတ်ဖုန်း hardwareတွေကို တစစီဖြုတ်တပ်ပြီး အမျိုးမျိုးပြောင်းလဲတပ်ဆင်နိုင်မယ်လို့ သိရပါတယ်။

အရင်တုန်းကဆို ဖုန်းအစိတ်အပိုင်းတွေပေါင်းစပ်သုံးရတဲ့ Phonebloksနည်းပညာကို စိတ်ကူးယဉ်ဆန်လိုက်တာကွာ၊ ဘယ်လိုလုပ်ပြီးအလုပ်ဖြစ်မှာလဲ ဆိုပြီးဟားတိုက်ခဲ့ကြတယ်။  ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာ အလားတူစီမံကိန်းမျိုးကို Motorolaက လုပ်နေခဲ့ပြီး Project Araလို့နာမည်ပေးခဲ့ပါတယ်။ တကယ်ဖြစ်လာတော့မှာပါ။

Araဆိုတာဘာလဲဆိုတော့ Motorolaကုမ္ပဏီရဲ့ ဖွင့်ဆိုချက်အရ “Project Araမှာ endoskeleton (endo)လို့ခေါ်တဲ့ ဖွဲ့စည်းပုံတစ်ခုနဲ့ ဖြုတ်တပ်လို့ရတဲ့ အစိတ်အပိုင်းလေးတွေပါဝင်တယ်။ အစိတ်အပိုင်းတွေကတော့ မျိုးစုံဖြစ်နိုင်တယ်။ processorအသစ်၊ displayအသစ်၊ ကီးဘုတ်အသစ်၊ ဘက်ထရီအပို၊ pulse oximeter (သွေးကြောထဲရှိသွေးထဲက အောက်စီဂျင်ထုတ်တဲ့ ဟီမိုဂလိုဗင်အချိုးအစားတိုင်းကိရိယာ) ဒါမှမဟုတ် တခါမှ မမြင်ဖူးမကြားဖူးတဲ့အရာတစ်ခုခုပေါ့။” လို့သိရပါတယ်။

Motorolaကုမ္ပဏီဟာ Phonebloksရဲ့အတွေးအမြင်ကိုယူခဲ့ရုံသာမကဘဲ အဲ့ဒီ့အတွေးအမြင်နဲ့ လည်ပတ်နေပါပြီ။ Motorolaဟာ Phonebolksနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး Phonebolksရဲ့ developer အသိုင်းအ၀ိုင်းကို ဖြစ်နိုင်တဲ့ ဖြုတ်တပ်လို့ရတဲ့ ဖုန်းတစ်လုံးကို ဖန်တီးခိုင်းထားပါတယ်။ Ara platformအတွက် အစိတ်အပိုင်းတွေကို ဒီဇိုင်းရေးဆွဲဖို့အတွက် developerတွေကို လအနည်းငယ်အတွင်းမှာ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ Googleရဲ့ အကူအညီနဲ့လုပ်ဆောင်မယ့် Motorolaရဲ့ Araသာအောင်မြင်ခဲ့မယ်ဆိုရင် စမတ်ဖုန်းလောကရဲ့ ပြောင်းလဲတိုးတက်မှုတစ်ရပ်အစစ်ဖြစ်လာမှာပါ။ ကင်မရာကောင်းကောင်းလိုချင်ရင် ပုံရိပ်ဖမ်းအားကောင်းတဲ့ ကင်မရာနဲ့လဲတပ်လိုက်လို့ရတယ်။ စပီကာပျက်သွားရင်လည်း အစိတ်အပိုင်းတစ်ခုတည်းကိုလဲတပ်လိုက်ရုံပဲ။ ဖုန်းအသစ်တစ်လုံး ၀ယ်စရာမလိုပဲနဲ့ လိုချင်တဲ့အပိုင်းကို အဆင့်မြှင့်လဲလှယ်တပ်လိုက်လို့ ရသွားတာပေါ့။ ဒီအကြံသစ်က ရူးရာတော့ကျတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ စမ်းလုပ်ကြည့်ကြရဦးမှာပဲ။

                                                                             သီဟနိုင်(Ref:androidpolice)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.