အသက် ၆၆ နှစ်အရွယ် ရော့ခ်ကြယ်ပွင့်ဟောင်း ဘရိုင်ယန်မေဟာ သူ့ ရဲ့ ပရိတ်သတ် ၀က်ဘ်ဆိုဒ်မှာ ဒီကင်ဆာရောဂါပြဿနာအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဘရိုင်ယန်မေဟာ နောက်ကျော မှာ အရမ်းနာကျင်တဲ့ခံစားမှု ခံစားရတာကနေ ဆေးစစ်ချက်တွေပြုလုပ်ခဲ့ရမှာ ဒီကင်ဆာအန္တရာယ်ကို စတင်တွေ့ ရှိ ခဲ့ရတာပါ။ မကြာသေးမီကလည်း ဘရိုင်ယန်မေ ဟာ ဒူးဆစ်အစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ရပါသေးတယ်။
“ကျွန်တော့်ရဲ့ တင်ပါးဆုံရိုးအဆက်နေရာကလည်း ဒူးခေါင်း နာကျင်သလိုမျိုး အရမ်းနာကျင်နေခဲ့ရတယ်။ ခရစ်စမတ်မတိုင်ခင် နှစ်ပတ်အလိုလောက်မှာ ဒီနာကျင်မှုက အရမ်းဆိုးရွားလာခဲ့ပြီး ဘယ်နေရာမှ မသွားနိုင် တော့ပါဘူး” “ကျွန်တော့်ရဲ့ ဆေးစစ်ချက် တွေမှာ ဒီနာကျင်မှုဖြစ်ရတဲ့ ကျောရိုးဆစ်ပြဿနာ သာမကဘဲနဲ့  အရိုးတွေမှာ မူမမှန်မှုတွေ တွေ့ ခဲ့ရတာပါ။ အရေးပေါ်စမ်းသပ်ကုသမှုတစ်ချို့ ပြုလုပ်ဖို့ လိုတယ် လို့ ဆိုပါတယ်”
လို့ သူ့ ရဲ့ ၀က်ဘ်ဆိုဒ်မှာ လွန်ခဲ့တဲ့အပတ်က ရေးသားခဲ့ပါတယ်။
“ခရစ်စမတ် ကာလအတွင်းမှာ ကျွန်တော် သွေးစစ်ဆေးချက်၊ အာထရာလ်ဆောင်း၊ နဲ့ တခြား ဆေးစစ်ချက် တစ်ချို့ ပြုလုပ်ခဲ့ပြီး ကင်ဆာရောဂါအဖြေကို စောင့်ဆိုင်းနေပါတယ်။”
“ ကျွန်တော့် သူငယ်ချင်း တော်တော်များများ ဒီကင်ဆာရောဂါကို တိုက်ခိုက်နေတာ ကြုံခဲ့ပြီးပါပြီ။ ကျွန်တော့် အဖေကိုယ်တိုင်က ကျွန်တော့်အခုအရွယ် ၆၆ နှစ်မှာ ကင်ဆာကို တိုက်ခိုက်ရင်း အရှုံးပေးခဲ့ရတာလေ။ အခု ကျွန်တော့်အလှည့် ရောက်မလားဆိုတာ စောင့်ကြည့်ရမှာပါ ” လို့  မေ က သူ့ စာမျက်နှာမှာ ရေးသားသွားခဲ့ပါတယ်။
သူ့ ကို ဂရုစိုက်အားပေး ၊ ဆုတောင်းပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပြီး စာတွေ အကုန်လုံးကို ပြန်လည်ဖြေဆိုဖို့ ကြိုးစားပေးပါတယ်လို့  ပြောကြားသွားခဲ့ပါတယ်။
Ref: news.co.au , classicrockmagazine