AFI ရဲ့ Burials Album

afi_burials_album2.jpg

Burials ဟာ အမေရိကန် Rock အဖွဲ့ AFI ရဲ့ န၀မမြောက် စတူဒီယို Album ဖြစ်ပြီး အောက်တိုဘာ ၂၂ရက်နေ့ကထွက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီအခွေမှာပါဝင်မယ့်သီချင်းတွေကတော့

၁။ The Sinking Night

၂။ I Hope You Sufffer

၃။ A Deep Slow Panic

၎။ No Resurrection

၅။ 17 Crimes

၆။ The Conductor

၇။ Heart Stops

၈။ Rewind

၉။ The Embrace

၁၀။ Wild

၁၁။ Greater Than 84

၁၂။ Anxious

၁၃။ The Face Beneath the Waves တို့ဖြစ်ကြပါတယ်။

The Sinking Night ကတော့ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ AFI ရဲ့သမ္ဘာကိုပြသတဲ့ အဖွင့်သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

I Hope You Suffer မှာ Heavy ဖြစ်တဲ့ Chorus နဲ့အတူ အဆိုတော် Davey Havok ရဲ့ ကျယ်ပြန့်လှတဲ့ အသံအနိမ့်အမြင့်တွေကိုကြားရမှာပါ။ 17 Crimes ကတော့သူတို့ဝိုင်းရဲ့ အရင်သီချင်းတွေကိုအမှတ်ရစေမှာဖြစ်ပြီး ပန့်ခ်ဆန်တဲ့ တီးခတ်ဖန်တီးထားမှုတွေကို ဒီအခွေမှာတွေ့ရမှာဖြစ်ပါတယ်။

Burials နဲ့ပါတ်သတ်ပြီးအဆိုတော် Davey Havok က “ဒီအခွေကတိတ်ဆိတ်မှုနဲ့ ဌင်းရဲ့အကျိုးဆက်ကဖြစ်လာတဲ့ မြေမြှပ်သဂြိုလ်မှုတွေရဲ့အကြောင်းပါ။ ဒါဟာ သစ္စာဖောက်မှု၊ ရက်စက်ကြမ်းကြုပ်မှု၊ အင်အားချိနဲ့မှု၊ စိုးရိမ်ပူပန်မှု၊ ထိပ်လန့်တုန်လှုပ်မှုနဲ့ နက်နဲပြီးနှေးကွေးတဲ့မျှော်လင့်ချက်ကင်းမဲ့မှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ဆုံးရှုံးမှုတွေအကြောင်းပါ။ ပြီးတော့ဒီအခွေဟာ ရှက်စရာကောင်းလောက်အောင်ရိုးသားပြီး စိတ်ခိုင်ခိုင်မာမာနဲ့ခွင့်မလွှတ်သင့်တဲ့အရာတစ်ခုပါလို့” လို့ပြောသွားခဲ့ပါတယ်။

(Ref:Wikipedia)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.