မြတ်သူအောင်နဲ့ သူပြောပြတဲ့ သူ့ရဲ့အခြားတစ်ဖက်

dsc02375_resize.jpg

ငယ်ဘ၀ကတည်းက ဂီတကိုရှုးသွပ်တယ်လို့ဆိုလာတဲ့မြတ်သူအောင် က ဂီတကသူ့ဘ၀၊ သူ့ရဲ့ ရှင်သန်မှု၊ သူ့အနာဂတ်လို့ပြောလာတာကြောင့် စီးရီးထွက်ပြီးတစ်နှစ်အကြာမှာထွက်ရှိခဲ့တဲ့ သူ့ရဲ့MTV အခွေလေးထဲမှာ ပရိသတ်အတွက် ဘယ်လို ဆန်းပြားမှုတွေနဲ့ သူ့ရဲ့ အိုင်ဒီယာဆန်းတွေပါရှိမလဲဆိုတာကို သူ့အခွေကိုအားပေးမဲ့ ပ၇ိသတ်တွေ သိရမှာတော့မှာပါ။ အခွေပရိုမိုးရှင်းကိုတော့ နိုဝင်ဘာ ၁၆ရက်နေ့မှာနေပြည်တော်မှာပြုလုပ်သွားမှာဖြစ်ပြီး ၁၇ရက်နေ့မှာတော့ မန္တလေးမှာလုပ်သွားမှာလို့သိရပါတယ်။ ဇန်န၀ါရီ ၅ရက်နေ့မှာတော့ ရန်ကုန်ပရိသတ်တွေအတွက် လှိုင်သာယာ ဗစ်တိုးရီးယားမှာပြုလုပ်သွားမှာပါလို့ပြောပါတယ်။ တခြားနယ်တွေကိုတော့ အဲဒီသုံးနေရာကအခြေအနေကိုကြည့်ပြီး ဆက်ဆင်းဖို့စီစဉ်မှာပါလို့ပြောပါတယ်။ ‘ဂီတကို ၈တန်းလောက်မှာ ကတည်းက အရမ်းရှုးသွပ်ခဲ့တာပါ။ သီချင်းနားထောင်တာအရမ်းဝါသနာပါတယ်။ နောက်ပိုင်းကျတော့ နားထောင်နှုန်းမြင့်လာပြီး ခုလိုဖြစ်လာတာပါပဲ။ အခုထိရှုးသွပ်နေတုန်းပေါ့။ နောက်လဲရှုးသွပ်ဦးမှာပဲ။ သေတဲ့အထိလဲရှုးသွပ်သွားဦးမှာပဲ’လို့သူက ပြောပါတယ်။ ဦးလေးဖြစ်တဲ့ ဟိန်းစိုးကို ဘာလို့မရိုက်ခိုင်းတာလဲလို့ မေးဖြစ်တော့ လူငယ်ဆန်တဲ့ MTV ဖြစ်ချင်တဲ့အတွက်လူငယ်တွေနဲ့ ရိုက်တာလို့သိရပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.