Bruno Mars အကြောင်း တစေ့တစောင်း

bruno_mars.jpg

          သီချင်းရေးဆရာ တစ်ဖြစ်လဲ ထုတ်လုပ်သူ ဘရူနိုမားစ်ဟာ Brandy အတွက် သီချင်းရေးပေးတာတွေ ၊ Sugababes အဖွဲ့အတွက် နောက်ခံသီချင်း    ဆိုပေးတာတွေကို ရိုက်ကွင်းပေါ် မရောက်မီ အလုပ်တွေအဖြစ် လုပ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဘရူနိုမားစ်ဟာ Flo Rida’s ရဲ့ အောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Right Round” မှာ ပူးပေါင်းသီချင်းရေးဆရာအဖြစ်နဲ့ သူ့အမည်ကို ဇယားရဲ့ထိပ်ဆုံး ရောက်အောင် လုပ်ပြနိုင်ခဲ့ပြီး စတင်လူသိများခဲ့ပါတယ်။

တစ်နှစ်ကြာပြီးနောက်မှာတော့ ရက်ပ်အဆိုတော် B.O.B နဲ့ ပူးပေါင်းလုပ်ကိုင်ပြီး Nothin On Youနဲ့ နာမည်ရလာပါတယ်။ Travis McCoy’s နဲ့ပေါင်းပြီး “Billionaire” သီချင်းကိုရေးပါတယ်။ ဒီသီချင်း(၂)ပုဒ်စလုံးက top ten hits စာရင်း ၀င်ခဲ့ပါတယ်။ မားစ်က ဒီအခွင့်အရေးကို အမိအရအသုံးချခဲ့ပြီး တစ်ဦးတည်းအဆိုတော် အဖြစ် ရပ်တည်ရာမှာလဲ ခပ်မြန်မြန်ပဲ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် သီချင်းလေးပုဒ်နဲ့တင်ပဲ ဆယ်စုနှစ် (၂)ခုအတွင်းမှာ အကျွမ်းကျင်ဆုံးအမျိုးသား အဆိုရှင် ဆယ်ဦး စာရင်းထဲပါအောင် ရပ်တည်နိုင်ခဲ့ပါတယ်။

ဟာဝိုင်အီကျွန်းဆွယ်၊ ဟိုနိုလူလူမှာရှိတဲ့ သူ့ဦးလေးရဲ့ တီးဝိုင်းမှာ အသက်(၄) နှစ်သားကတည်းက ပါဝင်လေ့ကျင့်နေခဲ့ပါပြီ။ အဲဒီကစလို့ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အခြေခံအဖြစ် အသက်အငယ်ဆုံး ပုံဖမ်းဖျော်ဖြေသူဘ၀ကို ရရှိခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ပုံစံမျိုးကိုတောင် တုပဖျော်ဖြေနိုင်ခဲ့ပြီး မိုက်ကယ်ရဲ့ ရှိုးပွဲမှာ တစ်စိတ်တစ်ဒေသအနေနဲ့တောင် ပါဝင်ခဲ့ပါတယ်။ အထက်တန်းပြီးတဲ့ ၂၀၀၃ ခုနှစ်မှာ သူ့ဦးလေးရဲ့ အကြံဥာဏ်ကိုယူကာ ကယ်လီဖိုးနီးယားကိုပြောင်းခဲ့ပြီး ဂီတနဲ့ အသက်မွေး ၀မ်းကြောင်းပြုလို့ရအောင် ကြိုးပမ်းခဲ့ပါတယ်။ လပေါင်းအနည်းငယ်လောက် အချိန်တွေ အလဟသဖြစ်ပြီးတဲ့နောက်မှာတော့ မားစ်ဟာ သီချင်းရေးဆရာ Phillip Lawrence နဲ့ တွေ့ဆုံခဲ့ပါတယ်။ Phillip ကတော့ မားစ်ဟာ အနုပညာရှင်တွေအတွက် သီချင်းရေး ပေးသူအဖြစ် ကြိုးစားနိုင်တယ်လို့ အခိုင်အမာယုံကြည်မှုပေးခဲ့သူပါ။ သူတို့နှစ်ဦးသားဟာ သူတို့ကိုယ်သူတို့ Smeezingtons လို့အမည်ပေးခဲ့ပြီး အဝေးကနေ သီချင်းအတူတူ ရေးသားခဲ့ပါတယ်။ ဒီသီချင်းတွေကိုတော့ R&B အဆိုတော် Brandy က ၂၀၀၈ ခုနှစ်မှာ အသံသွင်းခဲ့ပါတယ်။ ဒီကာလအပြီးမှာတော့ သူတို့နှစ်ဦးအတွက် အလုပ်အပ်မှုတွေ ပိုရလာခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ကို ပူးပေါင်းရေးသား နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Flo Rida’s ထဲက “Right Round” ပါ။

၂၀၁၀ ခုနှစ်ထဲမှာတော့ မားစ်ကို နေရာတကာမှာ တွေ့နေရပါပြီ။ B.O.B နဲ့ အတူ ဆိုထားတဲ့ Nothin On You၊ Travie McCoy’s နဲ့အတူ ရေးသားထားတဲ့ Billionaire၊ Cee-Lo Green နဲ့ ပူးပေါင်းသီဆိုခဲ့တဲ့ ဂရမ်မီတန်းဝင် “F*ck You!” စတဲ့သီချင်းတွေနဲ့ အောင်မြင်မှု အထွဋ်အထိပ်ရရှိခဲ့ပါတယ်။

သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့  Doo-Woops & Hooligans ကို ၂၀၁၀ မှာ စတင်ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာပါတဲ့ Just the way you are ဆိုတဲ့သီချင်းနဲ့ “အကောင်းဆုံးအမျိုးသား ပေါ့အဆိုပညာရှင် ဂရမ်မီဆု”ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီအခွေဟာ အချပ်ရေပေါင်း ၁၂.၅ မီလီယံ ရောင်းချနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း အရောင်းရဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်ပါတယ်။

စနေနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာဆိုရင် မားစ်ဟာ အဆိုရော အတီးပါ နှစ်မျိုးစလုံးရသူတစ်ဦးအနေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီ့နောက် ၂၀၁၂ မှာတော့ ဒုတိယအယ်ဘမ်ဖြစ်တဲ့ Unorthdox Jukeboxနဲ့ ၂၀၁၃ မှာတော့ Earth to Marsလို့ အမည်ရတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပါတယ်။ ဒုတိယ အယ်လ်ဘမ်ထဲက Lock Out of Heaven ကတော့ သူရဲ့ဆိုဟန်တွေထဲက အနည်းငယ်ခုန်ထွက်သွားတဲ့ အမျိုးအစားပုံစံမျိုးပါ။ ထုတ်လုပ်မှုပိုင်းမှာတော့ Mark Ronson, Diplo စတဲ့သူတွေနဲ့ ကာလကြာရှည် လက်တွဲဖြစ်ခဲ့ကြပါတယ်။

Ref:Billboard

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.