Danger သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ Snare အဖွဲ့ကို အားလုံးသိပြီးသားဖြစ်မှာပါ။ Snare အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ နေ၀င်းနဲ့ ဖြိုးလေးတို့ရဲ့ အနုပညာခြေလှမ်းတွေဟာ တစ်ဖြည်းဖြည်း ပိုစိပ်လာတာကြောင့် ဖြိုးလေး(snare) ကို သူတို့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ဟစ်ပ်ဟော့ လောကနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ ‘ကျွန်တော် အခုလတ်တလောမှာတော့ MTVတွေ ရိုက်နေတယ်။ ပြီးရင် ရှိုးဆိုဖို့ရှိပါတယ်။ ၁လပိုင်း၂၆ရက်နေ့ မှာရှိုးဆိုဖို့ ရှိမယ်။ အခုချိန်ထိ ရှိုးပွဲတွေမှာ သီချင်းဆိုရင် ပရိသတ်တော်တော်များများက လေဒီကြိုက်တာပြော၊ ဘကြီးဖြိုးနဲ့ဦးနေဝင်း၊ Danger၊ အမုန်းမြို့သူနဲ့ ၃၉ဗိုက်ပူသီချင်းတွေကို တောင်းဆိုကြလွန်းလို့ ဆိုပေးရတာများပါတယ်။ ဟစ်ပ်ဟော့လောကနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ဟစ်ပ်ဟော့လောကကြီး အရမ်းကိုမိုက်လာပါပြီ။ Undergroundလူငယ်တွေလည်း အရမ်းတော်လာကြပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက ဟစ်ပ်ဟော့တွေက အဆင့်အတန်းတော်တော် ရှိပါတယ်။ သူများနိုင်ငံတွေထက်ကို သာပါတယ်။ ဒါကျွန်တော်တကယ်ပြောတာပါ။ ဟစ်ပ်ဟော့လောကအတွက် မျှော်လင့်မိတဲ့ မျှော်လင့်ချက်တွေကတော့ အကြီးကြီးပါပဲ။ ဒီထက်လည်း ပိုပြီးတော့ ဟစ်ပ်ဟော့လောကကြီးကို အောင်မြင်စေချင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ကိုယ့်ကိုကိုယ် ပိုတော်အောင်၊ပိုကောင်းအောင် ကြိုးစားပါတယ်။ သီချင်းရေးတဲ့ အပိုင်းမှာတော့ ကျွန်တော် အခုဒီးဒီကို ရေးပေးထားတယ်။ နောက်ပြီးYAKကို ရေးပေးထားတာရှိပါတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟစ်ပ်ဟော့တွေက အဆင့်အတန်းရှိပါတယ်လို့ ဆိုလိုက်တဲ့ ဖြိုးလေး(Snare)

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။