ဖီဖာရွှေဘောလုံးဆုထက် ပီအက်စ်ဂျီအောင်မြင်မှုမှာ ပိုအရေးကြီးဟု အီဗရာဟီမိုဗစ်ခ်ျယုံကြည်

news_a.jpg

ယနေ့ထုတ်ပြန်လိုက်သော ၂၀၁၃ ဖီဖာရွှေဘောလုံးဆုဆန်ကာတင်(၂၃)ဦးစာရင်းတွေ ပါဝင်နေသလို ဆုရရှိရန်လည်း အထူးရေပန်းစားလျက်ရှိသည့် ပီအက်စ်ဂျီနှင့် ဆွီဒင်တိုက်စစ်မှူးဇလေတန်အီဗရာဟီမို ဗစ်ခ်ျက မိမိ၏တစ်ဦးချင်းဆုတံဆိပ်များထက် အသင်းအောင်မြင်ရေးကသာပိုမိုအရေးကြီးကြောင်း ပြောကြားလာခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်နှင့် ပြင်သစ်လိဂ်ပွဲစဉ်များအတွင်း ခြေစွမ်းပြကာ ဂိုးများစွာသွင်းယူပေး နေသည့် မိုဗစ်ခ်ျအား ဖီဖာရွှေဘောလုံး(၄)နှစ်ဆက်ဆုရှိထားထဲ့သူ မက်ဆီကို ကျော်ဖြတ်ကာဆုရမည်ဟု ပြင်သစ်မီဒီယာများက ထင်ကြေးပေးနေကြသည်။ “ ကျွန်တော်နေ့စဉ်အပြင်းအထန်လေ့ကျင့်နေတာတွေက ပီအက်စ်ဂျီအောင်မြင်မှုရဖို့အတွက်ပါ။ ပဲရစ်မှာနေထိုင်ရတာကိုလည်း ပျော်ရွှင်မိတဲ့အတွက် ဒီအသင်းကို အ စွမ်းကုန်ပေးဆပ်နေပါတယ်။ ကျွန်တော့်အသင်းရဲ့အောင်မြင်မှုကသာ ကျွန်တော့ရဲ့ရွှေဘောလုံးတွေဖြစ်ပါ တယ်။ ကျွန်တော့ရည်မှန်းချက်က ရွှေဘောလုံးဆုရဖို့မဟုတ်ပါဘူး။ ပီအက်စ်ဂျီနဲ့ ဆုဖလားတွေယူဖို့ပါ။ တစ် ဦးချင်းဆိုင်ရာ ဆုတံဆိပ်ဆိုတာကတော့ အပိုဆုတစ်ဆုပေါ့”ဟု မိုဗစ်ခ်ျက ပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.