ဒုတိယပိုင်းပွဲချိန်တစ်ဝက်လောက်မှာ ကလီဗာလီ ကြောင့်ပေးလိုက်ရတဲ့ ပင်နယ်တီ ကို ဆန်းဒါးလန်းကစားသမား ဖေဘီယို ဘိုရီနီ က သွင်းယူသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ ဒီပွဲရှုံးနိမ့်သွားတာကြောင့် မန်ယူအသင်းဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံး သုံးပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ သွားခဲ့ရတာပါ။ ပထမပိုင်းမှဲာ့ မန်ယူကစားသမား ရိုင်ယန်ဂစ်ရဲ့ Own Goal ကလည်း မန်ယူအသင်းကို နစ်နာစေခဲ့ပြီး ဆန်းဒါးလန်းအသင်းကို စတင်ဦးဆောင်ကစားစေနိုင်ခဲ့ပါတယ်။
ဒီဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ရှုံးနိမ့်ခဲ့ခြင်းက ဖိအားတွေနဲ့ ကြုံတွေ့ နေရတဲ့ မန်ယူနည်းပြ မိုရက်စ် အတွက် နောက်ထပ် ဖိအားတစ်ခု ထပ်တိုးလာခဲ့ပါတယ်။ မကြာသေးမီက ဆွမ်ဆီးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး FA ဖလား မျှော်လင့်ချက် ကုန်ဆုံးခဲ့ရတဲ့ မန်ယူအသင်းဟာ ကတ်ပီတယ်ဝမ်း ဖလား အတွက် အားကုန်ထုတ်ပြီး ကစားခဲ့ပေမယ့် ဆန်းဒါးလန်းအိမ်ကွင်းမှာ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဇယားထိပ်ဆုံးက ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ရမှတ် ၁၁ မှတ်အကွာ အဆင့် ခုနှစ်နေရာကို ရောက်ရှိနေပြီး ဒီရာသီမှာ ရလဒ်ဆိုးတွေကြုံတွေ့ နေရတဲ့ မန်ယူအသင်းအတွက်တော့ Capital One ဖလား က အသက်ကယ်ဆေး တမျှ အရေးပါလှပါတယ်။ ဒါပေမယ့်လည်း ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ ဒ်မှာ လက်ခံကစားရမှာ ဖြစ်တဲ့အတွက် သိပ်တော့ စိုးရိမ်ပူပန်စရာ မရှိဘူးလို့ ယူဆနိုင်ပါတယ်။
“ အိုးထရက်ဖို့ ဒ်မှာ ထပ်ရင်ဆိုင်ရမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ကျွန်တော်တို့ အတွက်ခက်ခဲမယ်ဆိုတာ သိပါတယ်။ သူတို့ ခြေစွမ်းဘယ်လောက်ကောင်းမွန်လဲဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့  အခုပထမအကျော့က ရလိုက်တဲ့ အနိုင်ရလဒ်နဲ့ အတွေ့ အကြုံကို ပေါင်းစပ်ပြီး အိုးထရက်ဖို့ ဒ်မှာ ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။” လို့ ဆန်းဒါးလန်းနည်းပြ Gus Poyet က ပြောကြားသွားပါတယ်။
Ref: bbc.co.uk