အ၀လွန်နေခဲ့ရင် ဘယ်လိုဝတ်ကြမလဲ

2.jpg

          အမျိုးသားတိုင်း မွေးကထဲက စွဲဆောင်မှုရှိခြင်း၊ ပျော်ရွှင်ခြင်း ၊ ကြံ့ခိုင်တောင့်တင်းခြင်းတွေ ပါလာခဲ့တာမဟုတ်ပါဘူး။ အ၀လွန်နေသူတွအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို သိရင် ကြည့်ကောင်းအောင်ပြုပြင်လို့ရပါတယ်။ ထီမပေါက်ပေမယ့် ကိစ္စမရှိပါဘူး။ သင့်တော်တဲ့ အ၀တ်အစားတစ်ချို့နဲ့ ကိုယ့်ကိုယ်ကို ပြုပြင်ပြီး လိုချင်တဲ့ ကောင်မလေးတစ်ယောက်လောက်ကိုတော့ ရှာနိုင်ပါသေးတယ်။

(၁)     ဒေါင်လိုက်အစင်းရှိတဲ့ အကျီအပေါ်အောက် ဆင်တူတွေဝတ်ပါ။ ဒေါင်လိုက်အစင်း တွေက ဖုံးကွယ်လိုတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းကို လူတွေသတိမထား မိအောင်စွမ်းဆောင်နိုင်ပါတယ်။ အနက်ရောင်က လူကိုဆန့်ထွက်စေပြီး ပိုပြီး သေးသွယ်သယောင် ၊ ပိန်သယောင် ထင်စေပါတယ်။ အဖြူစင်း သေးသေးမျှင်မျှင် လေးတွေနဲ့ အခမ်းအနားတက်ဝတ်စုံမျိုးက ၀တဲ့သူတွေအတွက်ပါ။ အဲဒီဝတ်စုံကို ရှပ်အကျီ အနက်ရောင် တစ်ထည်နဲ့တွဲဝတ်ပြီးပြီ ဆိုရင်တော့ လူတွေက သင့်ကို ၀ိတ်ကျသွားတယ်နော်လို့ ပြောကြပါလိမ့်မယ်။

(၂)     မပွလွန်း မကြပ်လွန်းတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်ပါ။ အလွန်ကြပ်တဲ့ အကျီတွေက သင့်ရဲ့ အဆီတွေ ၊ ဗိုက်ခေါက်တွေကို အထင်းသားတွေ့မြင်စေနိုင်ပါတယ်။ အလွန်ပွတဲ့ အကျီတွေကလဲ သင့်ကို ပိုပြီးထွားသယောင် ထင်စေပါတယ်။ ဒါကြောင့် လျော့ရဲရဲ အင်္ကျီမျိုးကိုရွေးချယ်ပါ။ သင့်ခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာရှိစေပြီး ဆိုဒ်လွန်နေ တာမျိုးမဖြစ်ပါစေနဲ့။

(၃)     အပေါ်အောက် အရောင်တူကိုရွေးချယ်ပါ။ အရောင်မတူရင်တောင် ကာလာ ဆန့်ကျင်ဘက်ဖြစ်နေတာမျိုးကို မရွေးချယ်ပါနဲ့။ အပေါ်ပိုင်းအရောင်နုနေတာက သင့်ဝမ်းဗိုက်ကို အာရုံစိုက်မိစေပါတယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင်နေပါ။ ဖရိုဖရဲပုံစံက ပိုပြီးကြည့်ရဆိုးစေပါတယ်။

(၄)     V for victory ဆိုသလိုပဲ V ပုံစံ လည်ပင်းပေါက်တွေက သင့်ကို အနည်းငယ် ရင်အုပ်ကျယ်သွားစေတဲ့အတွက် ဗိုက်ကို ဖုံးပေးထားသလိုဖြစ်စေပါတယ်။ ဒါကြောင့် V ပုံစံ လည်ပင်းပေါက်မျိုး ပါတဲ့ အကျီ ဗြောင်လေးတွေကိုရွေးချယ်ပါ။

(၅)     စတိုင်ဘောင်းဘီရှည်တွေ ခပ်လျောလျောဝတ်ခြင်းကလဲ ဂျင်းဘောင်းဘီ အကြပ်တွေ ၀တ်တာထက် ပိုပြီး ခါးအလည်ပိုင်းကို ဖျောက်ပေးထားပါတယ်။ ခါးပတ်အပြား ကြီးကြီး တွေကလဲ ဗိုက်သားတွေကို အနည်းငယ်ဖုံးကွယ်ထားပေးပါတယ်။ ဘောင်းဘီ တိုတွေမ၀တ်ပါနဲ့။

(၆)     နောက်ဆုံးတစ်ခုကတော့ အကောင်းဆုံးနဲ့ အလုပ်သင့်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ခနာကိုယ် တောင့်တင်းအောင် လေ့ကျင့်ခန်းလုပ်ပါ။ ၀ိတ်လျှော့ဖို့ အစီအစဉ်လုပ်ပါ။ အဆီပိုတွေကို ကျစ်လျစ်သွားအောင် ကစားပေးခြင်းဖြင့် တောင့်တင်းတဲ့ ကိုယ်ခနာ တစ်ခုပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။

 

ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ သင့်ရဲ့ အ၀လွန်နေမှုအပေါ် စိတ်ဖိစီးမှု များနေတာတွေ အတော်လေးလျော့သွားမှာပါ။ ဒီအချက်တွေကို လိုက်နာခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ဦးဖြစ်အောင် ကူညီပေးနိုင်မှာပါ။ Ref:MENSXP

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.